Zawgyi + Unicode
Warning
This chapter includes mature content. Read at your own risk.
'' သန္တာ နင်တို့သခင်လေးကိုသွားနိုးလိုက် သူရုံးသွားချိန်ရောက်နေပြီ ။ ''
'' ဟုတ်ကဲ့ ဟုတ်ကဲ့ ။ ''
သန္တာမှာခေါင်းလေးကုပ်ကာ အပေါ်ထပ်ကိုတက်သွားရပြန်သည် ။ ညကတည်းကရန်ဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက်စကားမပြောပဲ သူ့ကိုကြားလူလုပ်ကာစကားပြန်ကြသည်လေ ။ ညစေး တီဗီကြည့်နေသော်လည်း တီဗီကိုအာရုံမရှိ အပေါ်ထပ်ကိုနားစွင့်နေမိသည် ။ ခဏကြာတော့ သန္တာပြန်ဆင်းလာတာကို မျက်လုံးထောင့်ကနေလှမ်းတွေ့လိုက်သည် ။
'' သခင်လေး နိုးနေပါပြီ ။ ''
'' အဲ့ဒါဆိုသူ့အတွက် မနက်စာပါတစ်ခါတည်းပြင်ပေးထားလိုက် ။ ''
'' မပြင်ရပါဘူး မောင်ကမင်းပြင်ပေးတဲ့ မနက်စာမှစားချင်တာကို ။ ''
အနောက်ကနေထွက်လာတဲ့ အသံသြသြကိုကြားသော်လည်း မကြားဟန်ဆောင်ကာ ဆိုဖာမှာထိုင်နေရာကထရင်း အပေါ်ထပ်တက်ဖို့ခြေလှမ်းပြင်မိတယ် ။ ဆက်နေနိုင်သည် ညစေးအမူရာကြောင့် အံကိုတင်းတင်းကြိတ်လိုက်ပြီး ။
'' အစ်ကိုသိပ်ဆိုးလွန်းတယ်ဗျာ ကျွန်တော်ချစ်မှန်းသိတော့ အမြဲအနိုင်ယူတယ် ။ ''
ဆက်နေနိုင်သည် ညစေးရဲ့နောက်ကျောပြင်ကိုကြည့်ရင်း ဝမ်းနည်းစွာရေရွတ်မိတယ် ။ သို့သော် တဖြည်းဖြည်းနဲ့တုန်ရီလာတဲ့ ကျောပြင်လေးကြောင့် နေနိုင်တစ်ယောက်ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ တုန်ရီနေတဲ့ကျောပြင်လေးနားအလျင်နှုန်းနဲ့သွားမိသည် ။
'' အစ်ကို ငိုနေတာလား ။ ''
အနောက်ကနေပွေ့ဖက်ရင်း ပြောမိကာမှ ပိုတုန်ရီလာတဲ့ကိုယ်လုံးလေးကြောင့် အရှေ့ဆွဲလှည့်မိတော့ မျက်နှာကိုငုတ်ထားပြန်သည် ။
'' အစ်ကိုခေါင်းမော့ဗျာ ဒီလိုလုပ်နေတော့ကျွန်တော် ဘယ်လိုနေရမလဲ။ ''
'' စေး သိပြီမောင် စေးကလေးဆန်သွားတယ် ဒီနေ့စေးခေါင်းနည်းနည်းမူးနေလို့ မနက်စာမပြင်ပေးတော့ဘူးမောင် ။ ''
YOU ARE READING
ချစ်ခြင်း၏အပိုင်းစများ (Completed )
FantasyZawgyi ''သည်းငယ် ပျော်ဖို့ မောင် ဘာမဆိုဖြည့်ဆည်းပေးမယ်။'' ပြောတော့ သည်းငယ်က ရယ်ပြီး ''မင်းငါ့ဘဝထဲ ဝင်လာကတည်းက ပျော်ရွှင်မှုဆိုတာ ပျောက်ဆုံးသွားတာ။ ''တဲ့လေ ။ ''ဟား....ဟား... သည်းငယ် တော်တယ် သိပ်တော်လွန်းတယ် ။ မောင်နှလုံးသား နာကျင်စေဖို့ စကားတွေရွေးချယ...