🍓extra🍓

5.4K 332 9
                                    

Zawgyi....


"မောင်ရေ သွားကြစို့ တိုင်းပြည်နဲ့လူမျိုးအတွက်
ကိုကိုတို့လို z လေးတွေကဦးဆောင်ရမှာ

"လာပါပြီ ကိုကိုရယ် ကိုကို့အတွက် ရေဘူး
မုန့်လေးတွေထည့်နေရလို့

ယခုတိုင်းပြည်မှာဖြစ်ပျက်နေတဲ့စစ်အာဏာသိမ်း
ခြင်းကိုမထောက်ခံသောလူငယ်များက ရှေ့ကနေ
မားမားမတ်မတ်ဆန့်ကျင်ဆန္ဒပြကြသည်။

တချို့လူတွေက ဒါကိုနားမလည်ဘဲ အစိမ့်းနဲ့အနီ
ဆိုပြီးခွဲကောင်းတုန်း။မိဘတချို့ကလည်း ဗဟုသုတ
ဘာမှမရှိပေမယ့် သားသမီးကောင်းများ၏စကားကို
သေချာနားထောင်ပြီးလိုအပ်တာများကိုဖြည့်ဆည်း
ပေးသလို တချို့မိဘများကလည်း လူကြီးတချို့၏
ဦးနှောက်ဆေးခြင်းခံထားရသည်။

တချို့လူငယ်များက လမ်းပေါ်ဆန္ဒထွက်ပြကြသလို
မိဘတွေချုပ်ထိန်းထားသောလူငယ်များက ကမ္ဘာ
သိအောင်ဦးဆောင်ပြီးနိုင်ငံတကာက မိမိတို့နိုင်ငံ
မှာဖြစ်ပျက်နေသောသတင်းများကိုရေးသားတင်ပြ
ကြသည်။

တံခွန်တို့ကတော့ လမ်းပေါ်ဆန္ဒထုတ်ဖော်သည့်
အမျိုးစားထဲကပေါ့။

တံခွန်နဲ့ကိုကို ဆန္ဒထုတ်ဖော်သည့်နေရာရောက်တော့
မင်းဆက်မှာလင်းလင်းရဲ့နောက်ကျောလေးကိုအုပ်မိုး
ပြီးဆိုင်းဘုတ်ကိုင်ကာ ဆန္ဒပြနေသည်။

ဘေးက တချို့ကောင်မလေးတွေကတော့
အနောက်ကနေ ဓာတ်ပုံရိုက်လိုက် ဆန္ဒပြ
လိုက်နှင့် သာယာနေသည်။

တိုင်းပြည်အကျိုးလည်းထမ်းဆောင်နေသလို
Fujo တာဝန်ကိုလည်းမလစ်ဟင်းစေရ။

ဆန္ဒထုတ်ဖော်သူတွေ အားတင်းဖို့အတွက်
အစားအစာတချို့ကိုစေတနာရှင်များက
လိုက်လှုဒါန်းတော့ မင်းဆက်မှာ အားနာပြုံးလေး
ဖြင့်ပေးသမျှသိမ်းကြုံးယူကာ အော်လိုက် စားလိုက်နဲ့
သာယာနေသည်။


တံခွန်လည်း ကိုကို့ကိုခေါ်ပြီး အကိုမင်းဆက်တို့
နားကိုသွားလိုက်သည်။ပြီးနောက် စစ်အာဏာရှင်ကို
Blame တဲ့စာမျိုးမဟုတ်ဘဲ အာဏာရှင်စနစ်ကို
အလိုမရှိကြောင်းရေးထားသည့်စာကိုထုတ်ပြီး
ဆန္ဒထုတ်ဖော်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Feb 25, 2021 ⏰

Add this story to your Library to get notified about new parts!

🍓ကျွန်​​တော့်​ရဲ့ကိုကို🍓(complete)Where stories live. Discover now