🍓အပိုင်း (၂၅)🍓

5.4K 475 38
                                    

Zawgyi....

တံခွန်​ အခန်းသို့ပြန်​လာချိန်​သည်​ ည ပင်
နက်​​နေ​လေပြီ။

အခန်းထဲက တံခွန်​ရဲ့ ပဲ့ကိုင်​ရှင်​​လေးက​တော့
စောင်​မခြုံဘဲ ကုတင်​​ပေါ်မှာ ​ကွေး​ကွေး​လေး
အိမ်​​မောကျ​နေ​လေသည်​။မျက်​နှာနုနု​လေး​ပေါ်
တွင်​ မျက်​ရည်​စီး​ကြောင်း​လေး​တွေပင်​​တွေ့​နေ
ရ​သေးသည်​။

စားပွဲ​ပေါ်က ​ဆေး​တွေ​တော့မ​တွေ့​တော့။
သောက်​လိုက်​ပြီထင်​။

တံခွန်​လည်း နာကျင်​​ပြီး ရှက်ရွံ့ ​အားငယ်​​နေမယ့်
ကိုကိုစကား​တွေကို အ​လေးထားပြီး​ပေါက်​ကွဲ
မိတာ​ကြောင့်​ ကိုကိုခင်​မျာ ​တော်​​တော်​လန့်​သွား
ရှာတယ်​ဟု အကိုမင်းဆက်​တို့​ပြောပြမှသိသည်​။

တံခွန်​ ထွက်​သွားတာနဲ့လိုက်​လာချင်​​ပေမယ့်
နာကျင်​​နေတာ​ကြောင့်​ အရမ်းရှက်​တတ်​ပါ​သော
ကိုကိုက အကိုမင်းဆက်​တို့ကို ငိုပြီးဖုန်းဆက်​ကာ
သူ့အား လိုက်​ရှာခိုင်းသည်​တဲ့​လေ။

တံခွန်​လည်း ကိုကို့ ကို ​စောင်​​လေးခြုံ​ပေးလိုက်​ပြီး
ကိုကို​ဘေးနား တ​စောင်းထိုင်​လိုက်​ပြီး ကိုကို့ ရဲ့
နူးညံ့ ​သောဆံသား​လေး​တွေကို လက်​ဖြင့်​ဖွဖွ​လေး
ဖွ​နေမိသည်​။

ပါး​ဖောင်း​ဖောင်း​လေး​တွေကို ကိုက်​ချင်​တာ
သွားက ယားကျိကျိ​တောင်​ဖြစ်​သည်​။
မျက်​​တောင်​​လေး​တွေု ​အောက်​ကိုငိုက်​စဉ်း
နေတာကိုက ကဗျာဆန်​​နေချက်​။

သိပ်​ချစ်​တာ ကိုကို။မောင့်​ရဲ့ အသက်​က ဘာလဲဆို
ကိုကိုသာလျင်​ ​မောင့်​ရဲ့ဝင်​သက်​ထွက်​သက်​ပါ။

"ဟင့်​...ဟင့်​...​မောင်​..

ခဏကြာ​တော့ ကိုကိုသည်​ လူးလွန့်​ကာ ​ယောင်​​နေ
တာပင်​ ရှိုက်​သံ​လေးနဲ့ သူ့အား ​ခေါ်​ပြီး​ယောင်​​နေခြင်း။

"ကျွတ်​...ကျွတ်​....

တံခွန်​လည်း ကိုကို့ အား က​လေးတစ်​​ယောက်​လို
ကျွတ်​ သပ်​ပြီးပြန်​​ချော့သိပ်​လိုက်​သည်​။

🍓ကျွန်​​တော့်​ရဲ့ကိုကို🍓(complete)Where stories live. Discover now