🍓အပိုင်း (၂၃)🍓

6.5K 471 26
                                    

Zawgyi...

လင်းလင်းသည်​ အခန်းးထဲ​ရောက်​သည်​နှင့်
မင်းဆက်​ဗိုက်​​ခေါက်​အားလိမ်​ဆွဲကာအံ့ကြိတ်
သံဖြင့်​..

"သူငယ်​ချင်းကို​တောင်​ မင်း​ဆေးထိုးတယ်​​နော်​.
မင်းအလှည့်​ကျရင်​ ​ဆေးလုံးကြီးချိတ်​ရမယ်​..
သတိထား..

"အားးးး.. .လင်းး​လေး...နာတယ်​..​ဖြေး​ဖြေးဆွဲ.
အားး...

လင်းလင်းလည်း မင်းဆက်​အားမျက်​​စောင်းထိုးကာ
လိမ်​ဆွဲထားတာကိုလွှတ်​​ပေးလိုက်​သည်​။

"ဟွန့်​...

"ငါ့ချစ်​မိန်းမက အားကြီးလိုက်​တာကွာ.
လူ​ကောင်​​သေး​သေး​လေးနဲ့မလိုက်​..
ကိုယ့်​ ဗိုက်​ကြီး ​ပေါက်​သွားပြီးလား​တောင်
မသိ​တော့ဘူး..အားးး..

"အပို​တွေလုပ်​မ​နေနဲ့..ငါဆွဲတာသိပ်​မကြမ်းဘူး.

မင်းဆက်​လည်း သနား​အောင်​​ပြော​နေတာ​တောင်
မသနားတာ​ကြောင့်​ ဟန်​မ​ဆောင်​​တော့ဘဲ
လင်းလင်းရဲ့ကိုယ်​လုံး​လေးကိုသာ ဆွဲဖက်​လိုက်​ပြီးး
လင်းလင်းရဲဆံပင်​​လေးကိုနမ်းလိုက်​ကာ

"ကိုယ်​ ​ဆေးထိုးတာမဟုတ်​ပါဘူးကွာ.
ကိုယ်​က သူတို့ကိုကူညီလိုက်​တာပါ..
အခုဆို ဘယ်​​လောက်​သာယာ​နေပြီလဲမသိ..
ချစ်​​နေတာကို မူ​နေလို့ ကိုယ်​က နည်းနည်း​လေး
တွန်းအား​ပေးလိုက်​တဲ့သ​ဘောပါကွာ..

"ဒါ​ပေမယ့်​..မင်းက ဟိုကိစ္စ​တွေပါ​ပြောတာ​လေ..
ငဒူက တံခွန်​ကို မဆုံးရှုံးချင်​​တော့ မင်း​ပြောသမျှ
လိုက်​လုပ်​မှာ​သေချာတယ်​​လေ.."

"လင်း​လေးရယ်​.သုတက အ့ဒီကိစ္စကို​ကြောက်​လို့
ငြင်းတာ​လေ..အ့​တော့ ကိုယ်​က အ့ကိစ္စနဲ့မခြိ​မ်း
ခြောက်​ရင်​ သုတ တစ်​သက်​လုံး တံခွန်​ကိုအ​ဖြေ
ပေးမှာမဟုတ်​​တော့ဘူး​လေ..ပြီး​တော့ သူ​ကြောက်
တဲ့အရာကို ကိုယ်​က သူ့စိတ်​ထဲက​နေ တိုက်​ထုတ်
ပေးတဲ့သ​ဘောပါ.."

ထိုအခါမှ လင်းလင်းသည်​ မင်းဆက်​ရင်​ခွင်​ထဲက​နေ
မော့ကြည့်လာပြီး မင်းဆက်​ဗိုက်​​အား လက်​​လေးဖြင့်
ပွတ်​ကာအသံတိုးတိုး​လေးဖြင့်​..

🍓ကျွန်​​တော့်​ရဲ့ကိုကို🍓(complete)Unde poveștirile trăiesc. Descoperă acum