🍓အပိုင်း( ၁၂)🍓

6.1K 520 25
                                    

Zawgyi...

"သုတကိုကို..ဘယ်​က ပြန်​လာတာလဲ..
ညက ဘာလို့ပြန်​မလာတာလဲ...ရှင်းစမ်း..

သုတအိမ်​ထဲဝင်​သည်​နှင့်​ ​မေ​မေ့ရဲ့ချစ်​စရာ အသံ​လေး
ကိုကြားလိုက်​ရ​လေသည်​။

"ဟို..မင်းဆက်​   ...အိမ်​..

"လာလိမ်​မ​နေနဲ့. .မင်းဆက်​က မလာဘူးတဲ့..

"ဟုတ်​လား..

"ဟုတ်​တယ်​..

သုတလည်း​ခေါင်းကုတ်​ပြီးဘာမှမစဉ်းစားတတ်​တဲ့
ဦး​နှောက်​​လေးကိုအလုပ်​​ပေး​နေမိသည်​။

"​အော်​..​မေ​မေ..သား​ကျောင်းက ပြန်​လာ​တော့
bus ကားပျက်​သွားလို့ အ့တာ..ဟို..အ့တာ.
နောက်​​တော့ ဘယ်​လိုလဲမသိ​တော့ဘူး..
အိမ်​ပြန်​မလာဖြစ်​တာ..

"အ့​လောက်​ရှင်း​နေ​အောင်​ မရှင်းပြနဲ့​လေ..
နင်​မြန်​မာကား​တွေလာရိုက်​​နေတာလား..
ဘတ်​စ်​ကား​တွေ​တောင်​ပျက်​သွားတယ်​ဆိုဘဲ.
ယုတ္တိရှိတာ​ပြောစမ်း..

"မရှင်းပြတတ်​ဘူး​မေ​မေရယ်​..ကိစ္စ​တွေက အရမ်း
ခက်​ခဲနက်​နဲတယ်​ဗျ..သားဦး​နှောက်​​လေးနဲ့မရှင်းပြ
တတ်​ဘူး..ဟီးဟီး..

"နင်​..​ဆေး​တွေဘာ​တွေသုံး​နေတာလား..

"ဘာ​ဆေးလဲ.သားဗိုက်​​အောင့်​တုန်းက ​မေ​မေတိုက်​တဲ့
လေ​ဆေး​တွေ​တော့သုံးတယ်​​လေ..သက်​သာလို့..

"ရပြီ..ငါ့သား အ့​လောက်​ မလည်​​လောက်​ဘူး..
သားက အရွယ်​​ရောက်​ပြီးသားမို့ ​မေ​မေ ညအပြင်
ထွက်​တာ​တွေမတားပါဘူး..ဒါ​ပေမယ့်​ သားက
ငဒူဆို​တော့ ​မေ​မေစိုးရိမ်​တယ်​..ဘာမှဖြစ်​မလာရင်
ပြီးတာဘဲ.အထဲဝင်​​တော့..

"ဟာ..​မေ​မေကလည်း သားက မဒူပါဘူး..
မေ​မေတို့​​ပြောလွန်းလို့ သားဒူသွားတာ.ဟွန့်​..

"​တော်​စမ်း..ကိုယ့်​ဘာသာဒူတယ်​ဆို ဒူတယ်​​ပေါ့.
သွား..ဒီ​နေ့ ​ကျောင်းမသွားနိုင်​ရင်​လည်း မသွားနဲ့​တော့.

"ဟာ..​မေ​မေကလည်း သားကိုဘာမှမလုပ်​ပါဘူး.
သားအဆင်​​ပြေတယ်​..လမ်း​လျှောက်​နိုငိတယ်​​တွေ့လား.
ဘာလို့​ကျောင်းမသွားနိုင်​ရမှာလဲ..

🍓ကျွန်​​တော့်​ရဲ့ကိုကို🍓(complete)Where stories live. Discover now