🍓အပိုင်း( ၃၀)🍓(final)

8.1K 466 14
                                    

Zawgyi..

အပြာ​ရောင်​မိုး​ကောင်းကင်​ကို​မော့ကြည့်​ပြီး သုတ
အသက်​ပြင်းပြင်းရှုသွင်းလိုက်​သည်​။ပြီး​နောက်
အ​ဝေးတစ်​​မျှော်​တစ်​​ခေါ်က ​တောင်​တန်း​တွေနဲ့
စိမ်းလန်းတဲ့မျက်​ခင်းပြင်​ကိုကြည့်​ပြီး စိတ်​ရဲ့ငြိမ်းချမ်း
မှု​တွေက အလုံးအရင်းဝင်​​ရောက်​လာသည်​။

"ငဒူ..လာဝိုင်းလုပ်​အုံးဟ.အ့မှာစိတ်​ကူးမတ်​တပ်
မယဉ်​​နေနဲ့..အပန်း​ဖြေထွက်​လာတဲ့ထဲမှာ မင်းကျွန်
တစ်​​ယောက်​မှမပါဘူး..

ကျွန်​​တော်​​ခံစား​နေရတဲ့စိတ်​ငြိမ်းချမ်းမှု​တွေက
ဒီ​ကောင်​ငှက်​ဆိုးထိုးသံကြားရပြီး​နောက်​ အစိတ်​စိတ်
အမွှာမွှာကွဲ​ကြေသွားပြီး။

သုတ သက်​ပြင်းတစ်​ချက်​ချလိုက်​ပြီး ထိုငှက်​ဆိုးနဲ့
မိစ္ဆာ​ပေါင်းစပ်​​မွေးထားတဲ့ သ​ကောင့်​သားမင်းဆက်​ကို
လှည့်​ကြည့်​လိုက်​သည်​၊။

ပြန်​​ပြောဖို့စဉ်းစားလိုက်​​ပေမယ့်​ ​ချွေးသံတစ်​လုံးလုံးနဲ့ 
တဲ  ထိုး​နေတာကိုမြင်​​တော့ သနားတတ်​တဲ့
ကျွန်​​တော်​ကဘဲ နှုတ်​ဆိတ်​​နေလိုက်​ကာ တဲ
ကူထိုး​ပေးလိုက်​သည်​။

"ရုပ်​က မသိရင်​ သနားလို့လာလုပ်​​ပေးတဲ့စတိုင်​လ်
နဲ့..​ဟေ့​ရောင်​ ငဒူ ငါအခု ထိုး​ပေး​နေတဲ့ တဲ က
မင်းနဲ့မင်းရဲ့ ချစ်​လှစွာ​သော ​ယောင်္ကျား​နေဖို့​နော်​.
မင်းမျက်​ခွက်​အ​ကြောကို​လျှော့စမ်း..


"ဟီးး...ချစ်​သူငယ်​ချင်းကလည်း စိတ်​ကြီးဘဲ.
သုသု လာပြီး ဝိုင်းကူ​နေပြီကို..မဆူပါနဲ့..

"​ဝေါ့..​အော့...​အော့....အမ​လေး..သုသုတဲ့..​အော့
ဟေ့​ရောင်​. ပုံမှန်​ဆက်​ဆံ..အပို​တွေမလုပ်​နဲ့..
အမ​လေး ကြားရတာ ကြက်​သီးပါထတယ်​..
အသံက ငါ့လင်း​လေးရဲ့ အီး​ပေါက်​သံ​လောက်​​တောင်
ကြားမ​ကောင်းဘူး..

ဟုတ်​သည်​​လေ။နှုတ်​ခမ်းကြီးဆူပြီး လာချွဲ​နေပုံက
အော့နှလုံးနာစရာကြီး။ဒင်း သူ့လင်​လို ချွဲလိုက်​တာနဲ့
အရည်​​ပျော်​ကျသွမယ့်​သူလို့ ထင်​​နေသလားဘဲ။

🍓ကျွန်​​တော့်​ရဲ့ကိုကို🍓(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ