🍓အပိုင်း(၈)🍓

5.7K 560 8
                                    

Zawgyi...

သုတ ည​နေ​ကျောင်းဆင်းပြီးအိမ်​ပြန်​လာချိန်​တွင်
အမှတ်​မရှိ တစ်​​ယောက်​​သောသူကိုရှာမိပြန်​သည်​။

"ဟက်​..မင်းက ..​တော်​​တော်​ငါ့ကိုညှ်ို့.ယူထားတာဘဲ.
ဘယ်​လ်ုလုပ်​မလဲ တစ်​လမ်းလုံးမင်းရဲ့ပုံရိပ်​​တွေကို
မြင်​​နေရတယ်​  ငါရူး​နေပြီမလား..ဟဟ..

သုတလည်း​ပြောရင်းမျက်​ရည်​များကျဆင်းလာခဲ့သည်​။
သုတလည်းမဖြစ်​နိုင်​တာကိုမ​မျှော်​လင့်​​တော့ဘဲအိမ်​သို့
သာတန်းတန်းမတ်​မတ်​ပြန်​လာခဲ့လိုက်​သည်​။

"ဟဲ့ .သား..မျက်​လုံး​တွေလည်းနီရဲ​နေတာဘဲ..
ဘာဖြစ်​လာတာလဲ...

"​အော်​..ဘာမှမဟုတ်​ပါဘုး ​မေ​မေ..သားမျက်​လုံးထဲ
ပိုး​ကောင်​ဝင်​သွားလို့ပါ..ပွတ်​လိုက်​လို့နီရဲသွားတာ..

"ဟုတ်​လား..​အေ​အေ..​ရေမိုးချိုးပြီးဆင်းလာခဲ့.
ညစာစားမယ်​..

"​တော်​ပြီ ​မေ​မေ..သားထမင်းမစား​တော့ဘူး.
အပြင်​မှာ မင်းဆက်​တို့နဲ့စားခဲ့လို့..
ပြီး​တော့ သားပင်​ပန်း​နေလို့ နား​တော့မယ်​ ​မေ​မေ..

အားမရှိသလိုဖြူ​ဖျော့​နေ​သော သားဖြစ်​သူကိုကြည့်​ပြီး
ဒေါ်မိမိတစ်​​ယောက်​နားမလည်​နိုင်​။မ​နေ့က​တောင်
အ​ကောင်းကြီးပါ..ဘယ်​လိုဖြစ်​သွားလဲမသိ။

"ကြည့်​ရတာ..သားတစ်​​ယောက်​ရည်းစားပူမိ​နေ
သည်​လားမသိ...ဟူး..ခု​ခေတ်​က​လေး​တွေက​နော်​.
မလွယ်​ဘူး..

သုတလည်းအခန်းသို့ပြန်​​ရောက်​တာနဲ့အိပ်​ယာ​ပေါ်
ခေါင်း​မှောက်​ချလိုက်​ပြီးမကုန်​နိုင်​​သေး​သော
မျက်​ရည်​​တွေကို ပြန်​ပြီးကျဆင်း​စေမိပြန်​သည်​။

"ဟက်​..ငါက ငါ့ထက်​ငယ်​တဲ့ လူ​ဆီမှာ အလှည့်​စား
ခံလိုက်​ရတာလား..ဟဟ..

ပြောလည်း​ပြောမျက်​ရည်​များကလည်းကျဆင်း​နေသည်​။

"​ရှေးတံခွန်​ မင်းအတွက်​ ငါ့မျက်​ရည်​​တွေကို
ိုဒီ​နေ့အတွက်​ဘဲကျဆင်းခွင့်​​ပေးမယ်​..
မနက်​ဖြန်​ မင်းဆိုတာ ငါ့အတွက်​မရှိ​တော့ဘူး...

🍓ကျွန်​​တော့်​ရဲ့ကိုကို🍓(complete)Where stories live. Discover now