Arc 4.9 အယ်လိုနာ

5.1K 451 78
                                    

[Unicode]

လေးပတ်ကြာသော် :

" ခေါင်းဆောင်! ခေါင်းဆောင်! စခန်းကိုဇွန်ဘီတွေဝင်ဖောက်ဖို့ကြိုးစား‌ေနပြီ "

" ဘာ? "

" သူတို့တွေ ကျွန်တော်တို့စခန်းရဲ့မိုင်နှစ်ဆယ်အဝေးကပထမဂိတ်ကိုဖြတ်ဖို့လုပ်‌ေနကြပြီခေါင်းဆောင်။ အခုပဲလုံခြုံရေးက CCTV ကနေတွေ့လာတာ "

" အကုန်လုံးကိုလက်နက်တွေအသင့်ပြင်လို့ပြောထား "

" ဟုတ်ကဲ့ပါခေါင်းဆောင် "

ဆိုပြီးတာနဲ့ အပြေးအလွှား သတင်းလာပေးတဲ့ကောင်လေးအပြင်ကို ပြန်ပြေးထွက်သွားတယ်။

" ကလေး ကိုယ်ခနသွားကြည့်ပြီးရင် ပြန်ခဲ့မယ်နော် ကလေးဒီမှာနေခဲ့ဟုတ်ပြီလား? "

" ဟင့်အင်း ကျွန်တော်ခင်ဗျားကြီးနဲ့လိုက်မှာဆိုနေ "

" ကလေးလိုက်နိုင်လို့လား? ကိုယ်တို့မနေ့ကပဲဟိုဟာလုပ် "

" ကိုကို! "

" ဟားဟား ကောင်းပါပြီ ကလေးလိုက်ခဲ့ချင်တယ်ဆိုရင်လည်း လိုက်ခဲ့ ဒါပေမယ့် ကိုယ့်နားမှာပဲနေမယ်လို့ ကတိပေးရမယ်နော် "

" အင်း ပြီးရော ပြီးရော ကတိ "

ကတိပေးပြီးတော့ အယ်လိုနာနဲ့ရပ်ဖယ်အတူတူ security room ဘက်ကိုထွက်လာကြတယ်

ဘုရားရေ! တစ်ကယ်ပဲ ဘာလို့ဇွန်ဘီတွေအဲ့လောက်များနေရတာလဲ?

တစ်ကယ်ပြောတာ သူတစ်သက်နဲ့တစ်ကိုယ်အဲ့လောက်များတဲ့ ဇွန်ဘီတွေကိုတစ်ခါမှမတွေ့ဘူးသေးဘူး။
(  လမင်း : အခုတွေ့ဘူးပြီမလား 🙄 )

အခုဟာကအုပ်လိုက်ကြီး ပြီးတော့ သောင်းကျော်မယ်ထင်တယ်။ အရမ်းများတာပဲ။

' အားရန့်လေးရေ '

^ ဟွန့် သူများကိုလိုမှသတိရတယ်နော် ^

' မဟုတ်ပါဘူးကွာ။ ဒီကိစကသွေးရိုးသားရိုးမဟုတ်နိုင်ဘူး။ ငါ့ကိုနဲနဲ‌လောက်စုံစမ်းပေးလေနော် '

^ အလကားတော့မရဘူး points ပေးရမယ် ^

' အေး ဖြတ်လိုက်ကွာ '

^ ok! ^ အားရန့်တက်တက်ကြွကြွပြန်ဖြေလိုက်တယ်

' တင်! Points 3300 နှုတ်လိုက်ပါပြီ။ လက်ကျန်ပွိုင့် - 18000 '

My man ( System Own Creation )Where stories live. Discover now