🚨🚨‌Arc 3.9 🚨🚨ဟူအိုက်မင်

11K 716 7
                                    

[Unicode]

AT WEDDING DAY :

" ကိုကို ကလေး‌ခန့်လား "

" အရမ်းချောတယ် "

" မချောပါဘူး။ ခန့်တာပါဆို "

" အင်း အင်း ကိုယ့်ရဲ့ကလေးလေးက အရမ်းခန့်တယ် "

" ဟီး ကိုကို ဒီကိုကိုင်ကြည့် "
( T.N ဘယ်ကိုလည်း 🌚🌚 )

ဆိုပြီး ဟူအိုက်မင်သူ့ရဲ့ ရင်ဘတ်ပေါ်ကို ဟယ့်မင်ချန်းရဲ့ လက်ကိုယူပြီးတင်လိုက်တယ်။

" ဘာဖြစ်နေလဲ အဲ့မှာ ကိုကို "

" နှလုံးအရမ်းခုန်နေတယ် "

" ဟုတ်တယ် ကိုကို ကလေးအရမ်းရင်ခုန်နေတယ် သိလား "

" ကိုယ်ရောပဲ အရမ်းပျော်တယ်။ ပြီးတော့ချစ်တယ် ကလေး "

စကားဆုံးတာနဲ့ ကလေးကိုပွေ့ချီကာ အရှေ့က စားပွဲခုံပေါ်တင်လိုက်ပြီး တစ်ရှိုက်မက်မက်စတင်နမ်းတော့တယ်။

ဒါပေမယ့်

" အဟမ်း အဟမ်း "

" အကိုပိုင်ရွဲ့! "

ဟယ့်မင်ချန်းကတော့ ဘာမှမပြောဘဲ ပိုင်ရွဲ့ကိုမျက်ထောင့်နီကြီးနဲ့ကြည့်နေတယ်။

" ကိုယ်လာတာ အချိန်ကောင်းကိုနှောင့်ယှက်မိသလိုဖြစ်သွားလား "

" မဟုတ် "

" မတွေ့ဘူးလား မင်း "

" အာ ကိုကိုကလည်း ဒါနဲ့အကိုပိုင်ရွဲ့ ဘာပြောစရာရ‌ှိလို့လဲ "

" အော် အခမ်းအနားစတော့မယ်လို့ပြောတာ ထွက်လာကြတော့လို့ "

" ဟုတ် ဟုတ် "

...

အခုက ဟယ့်မင်ချန်းရယ် ဟူအိုက်မင်ရယ် အကိုပိုင်ရွဲ့ရယ် အမလီယန်ရယ်က ဟယ့်မင်ချန်းရဲ့ ပိုင်ဆိုင်မှုတွေထဲကတစ်ခုဖြစ်တဲ့ 2H rooftop bar မှာထိုင်နေကြတာ။

အကိုပိုင်ဟူလား? ခနဆိုပြီးထွက်သွားတာ ပြန်ကိုမလာသေးဘူး။

" စောင့်နေရတာကြာသွားလား "

လာပါပြီ အကိုပိုင်ဟူ ဘေးနားမှာလည်း အမကြီးတစ်ယောက်နဲ့

" မကြာပါဘူး တစ်နေကုန်တော့မယ် "
အကိုပိုင်ရွဲ့ကပြောလိုက်တာ။

My man ( System Own Creation )Where stories live. Discover now