Arc 3.3 ဟူအိုက်မင်

7.7K 784 125
                                    

[Unicode]

အကိုပိုင်ဟူနဲ့ စကားပြောအပြီးမှာတော့ လှေကားပေါ်တက်ပြီးတော့ သူ့အခန်းဆိုတဲ့ အခန်းကိုတံခါးဖွင့်ပြီး ဝင်သွားလိုက်တယ်။

' ဝါး အခန်းကြီးက အကျယ်ကြီးပဲ။ '

^ မိုက်တယ်နော် host ^

' အင်း ရေချိုးခန်းထဲမှာ shower ရော bath tube ရောပါတယ်။ မဆိုးဘူး '

^ ဟူအိုက်မင်အရင်နေတဲ့ တိုက်ခန်းထက်တောင်ကျယ်သေးတယ်။ ^

' ဟုတ်တော့ ဟုတ်တယ်။ '

^ Host ဗီဒိုဖွင့်ကြည့်လိုက်ဦး။ ဟိုလူပြောတော့ အကျီတွေထည့်ထားပေးတယ်ဆို ^

'  ok '

အားရန့်ပြောတော့ သူဗီဒိုဆိုတဲ့ဟာကိုလိုက်ရှာပေမယ့် အကျီထည့်လို့ရတဲ့ဟာနဲ့တူတာ တစ်ခုမှမတွေ့ပေ။

နောက်ဆုံး တံခါးတစ်ချပ်ကိုတွေ့တော့ ဖွင့်ကြည့်လိုက်တော့ အထဲမှာ အနောက်တိုင်းအကျီတွေနဲ့ Hoodies , jackets , coats , cardigans , pajamas , t- shirts , shirts , shorts , jeans , pants , .... ‌အစုံကို ရောင်စုံတွေ့ရတယ်။ အောက်ဘက်မှာ ဖိနပ်အစုံရှိတယ်။

^ မသိရင် shopping center ထဲရောက်သွားသလိုပဲနော် Host ^

' ဟုတ်တယ်။ အများစုက ငါ့စတိုင်တွေပဲ။ '

. . . . .

နောက်တစ်နေ့ မနက်ခြောက်နာရီ ,

ဟူအိုက်မင်စောလုပ်ပြီးလို့ ကုတင်ပေါ်မှာထိုင်နေတယ်။ စောပြီး‌မှာပေါ့ သောက်စစ်စတန်က မနက်၄နာရီကတည်းက ' Host ထတော့ ထတော့နဲ့ နှိုးနေတာ ' ။

မနေ့ကတစ်နေကုန် ဟိုသူဌေးဆိုတဲ့ လူကြီးနဲ့မတွေ့ရသေးဘူး။ အကိုပိုင်ဟူကတော့ နေ့လည်စာရော ညစာရောစားဖို့အတွက်လာခေါ်ပေမယ့် သူတစ်ယောက်တည်းစားလိုက်ရတယ်။

ဟူအိုက်မင် ဟိုဟိုဒီဒီစဉ်းစားရင်းနဲ့ ခြောက်နာရီခွဲသွားတယ်။ ဒါနဲ့သူအောက်ဆင်းပြီး ထမင်းစားခန်းထဲဝင်သွားတော့ သူ့ကိုနောက်ကျောပေးပြီး ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

အနောက်ကနေ ကြည့်တာတောင် ဒီလူကတော်တော်ချောတယ်ဆိုတာကို ခန့်မှန်းနိုင်လောက်တယ်။ အရပ်ကမရှိဘူးဆိုရင်တောင် ခြောက်ပေကျော်တယ်။

My man ( System Own Creation )Where stories live. Discover now