Arc 2.3 ရှေုာင်မန်ချူး

10.4K 964 98
                                    


[Unicode]

" သားတော်ကို ဘာများပြောစရာရှိလို့ပါလဲ ခမည်းတော် ? "

" ထွေထွေထူးထူးတော့ မဟုတ်ပါဘူး မနက်ဖြန်ကျရင် ခမည်းတော်ရဲ့ ချစ်လှစွာသော မိတ်ဆွေတော်ကြီးရဲ့ သားကဒီကိုအလည်လာမှာလေ။ အဲ့တာ ခမည်းတော် မအားလို့ သားတော်ကပဲ သူ့ကို ခမည်းတော်အစား သေသေချာချာ ဧည့်ခံပေးလိုက်နော် "

( ဖားသားကြီးက အရောက်ပို့နေတာ။ )

" စိတ်ချပါ ခမည်းတော် သားတော် ဧည့်ဝတ်‌ကျေပွန်အောင် ဆောင်ရွက်ပါ့မယ် "

( ကိုယ်ဖိရင်ဖိပေါ့ အဟိ )

" ကောင်း‌တာပေါ့ ကောင်းတာပေါ့ "

" ဒါဆို သားတော်ကို သွားခွင့်ပြုပါဦး "

" အေး အေး "

. . . . .

" လင်းကော ကျွန်တော် အပြင်လျောက်သွားချင်တယ် "

" ဘယ်နေရာကိုသွားချင်လို့လဲ "

" ဒီတိုင်းလမ်းတွေပေါ်လျောက်သွားပြီး မုန့်လျောက်စားချင်လို့ "

" ရတယ်လေ အဲ့တာဆို ကောနဲ့အတူတူသွားတာပေါ့ ဘယ်တော့လောက် သွားမလဲ? "

" နိုး!!! "

" နိုး? "
အူတူတူရုပ်‌ေလးနဲ့မေးလာတဲ့ လင်းကောကြောင့် သူရယ်ချင်စိတ်ကို မနဲထိန်းထားပြီး‌ေဖြလိုက်ရတယ်။

" အာ မဟုတ်ဘူး ကျွန်တော် ပြောချင်တာက ကျွန်တော်တစ်ယောက်ထဲပဲ သွားချင်တာပါလို့ "

" မရပါဘူး "

" ဘာဖြစ်လို့လဲ လင်းကောကလဲ "

" တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ "

" ကျွန်တော် ဘာမှမဖြစ်ပါဘူး။ စိတ်ချပါနော်။ နော်လို့။ "

" မရပါဘူး။ ကောမပါရင် ဘယ်မှမသွားရဘူးလို့ ရှောင်ချူးရဲ့ ခမည်းတော် ရော မယ်တော်ရော ပြောထားတယ်မလား? လိုက်နာရမှာပေါ့။ "

" အဲ့တာတော့ အဲ့တာပေါ့။ ‌ဒါ‌ေပမယ့်။ အာသိပြီ ။ ကောကလဲ အာ့ဆို ဒီလိုလုပ်ပါလား "

" ပြောကြည့်လေ "

" ကျွန်တော်က ရှေ့ကသွားမယ်။ ကောက ကျွန်တော့်နောက်က မီတာ၁၀၀အကွာကနေ လိုက်ခဲ့လေနော်။ ကျွန်တော်ထွက် မပြေးပါဘူး။
တစ်ခုခုဖြစ်ရင် ကောကိုကျွန်တော် လှမ်းခေါ်လိုက်မယ်လေ‌။ ရလား? "

My man ( System Own Creation )Where stories live. Discover now