3

3.1K 273 22
                                    

Yoongiအိမ်ရောက်တော့Jiminကတိုင်ပြီးထားခဲ့သည်။

"သား....ဘာလို့အဲ့လိုလူမိုက်ကိုပေါင်းနေတာလဲ"

Yoongiကမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာ......

"သားကယေ.....အဲ့ဦးယေးကြီးကရှောလို့ယေ.....သားဘာသာ.....ဘာယုတ်ယုတ်ပေါ့..."

အမေခင်ဗျာ....ဘာပြောရမှန်းမသိ....

"သားနော်...Jiminလေးနဲ့စေ့စပ်ထားတာလေ....မေ့နေတာလား"

Yoongiကနှုတ်ခမ်းလေးထော်ကာ

"ရဝူး.....မယူဘူးJiminကို....သားကဦးယေးကြီးကိုပဲယူမှာ"

"သား....ဟဲ့"

အမေဘယ်လိုပဲအော်ခေါ်ခေါ်အိမ်ပေါ်တက်သွားလေပြီ....အမေခင်ဗျာသက်ပြင်းလေးချရင်း

"အင်း..မဖြစ်တော့ဘူးအမြန်ပေးစားမှပဲ"

➖➖➖➖➖➖➖➖➖➖➖➖➖➖

Yoongiည10နာရီကျော်သည်ထိမအိပ်သေး.....အကြံရှိလို့ဖြစ်သည်။အိမ်ကလူတွေအိပ်မအိပ်အခန်းတံခါးဖွင့်ကာကြည့်လိုက်သေးသည်။အိမ်ကလူတွေအိပ်တာသေချာမှအပေါ်ထပ်ကနေခြေသံလုံအောင်အောက်ထိလျှောက်လာသည်။

ခြံပြင်ကိုခိုးထွက်လာကာ.....

"ဟူး....ဦးယေးကြီးအိမ်သွားမယ်....ဒါနဲ့နေပါဦး....ဘယ်ဘက်ကစသွားရမှာလဲ...အာရိပ်စာအရင်ကြည့်ရမယ်"

တကယ်တော့Yoongiနေ့လည်ကဦးလေးကြီးကိုအတင်းဖက်ထားရင်း....ဦးလေးကြီးအိတ်ထဲကလိပ်စာကတ်ခိုးလာခြင်းဖြစ်သည်။

သွားမယ်သာပြောတာဘယ်သွားရမှန်းမသိ....

လိပ်စာကတ်လေးကိုင်ကာခြေဦးတည့်ရာလျှောက်လာလိုက်သည်။

"အတိုကြီးတို့....ဒီလိပ်စာကဘယ်ကသွားရလဲပြောပြပါလား"

Yoongiလမ်းမှာတွေ့တဲ့ညနက်တဲ့ထိနေတဲ့လမ်းသရဲတစ်ချို့အားမေးလိုက်သည်။ထိုလမ်းသရဲတွေကသူ့ကိုကြည့်ကာ.....

"သိတာပေါ့....အကိုတို့လိုက်ပို့မယ်လေ"

Yoongiပျော်သွားသည်။ထိုလူတွေကသူ့ကိုလိုက်ပို့သည်။လူလေးငါးယောက်တော့ရှိမယ်....ခေါ်သွားတာဘယ်နေရာမှန်းမသိ....မှောင်ရိပ်သန်းလာတဲ့နေရာရောက်တော့ထိုလူတွေကသူ့ကိုချုပ်ကာ....

INNOCENT(comlplete)Where stories live. Discover now