6

2.8K 243 11
                                    

Yoongiကိုမကူညီဖို့တွေးပေမယ့်သူ့အကြံကမဆိုးတာကြောင့်လက်ခံလိုက်သည်။

Yoongiနဲ့သူမနက်ဖြန်ညကျရင်အပြင်ခိုးထွက်ကာNamjoonဆီပို့ပေးဖို့ဖြစ်သည်။သူကတော့ပုံမပျက်ဆက်နေရုံသာ.....ကူသာကူညီရမှာ....နည်းနည်းတော့လန့်တယ်။Yoongiပြောတာတော့Namjoonနဲ့သူကချစ်သူတွေတဲ့.....သိပ်တော့မယုံချင်ဘူး....ဒါပေမယ့်လည်းဆေးခန်းပြတာတွေရော.....သူပျောက်သွားတာNamjoonအိမ်သွားနေတာတွေရောပြောလာသည်။မယုံချင်လည်းယုံရသည်။ဖြစ်နိုင်ခြေရှိသည်လေ.....ပြဿနာတော့ရှိတယ်ကားမောင်းရမဲ့ကိစ္စ.....သူ့အနေနဲ့ကအသက်မပြည့်သေးတာကြောင့်လိုင်စင်မရှိ.....မိသွားရင်သေမှာ

အစီအစဥ်တိုင်းည11ခွဲမှအိမ်ကခိုးထွက်ဖို့လုပ်နေတဲ့Yoongi......Jiminကတော့သူ့အိမ်ရှေ့မှာကားနဲ့စောင့်နေသည်။အချိန်အတန်ငယ်ကြာတော့အိမ်ထဲကဖြူလွလွအရိပ်လေးလှုပ်ရှားနေတာမြင်လိုက်ရသည်။သူ့ကားနားဆီဦးတည်လာတဲ့အရိပ်ကြောင့်ကားစက်နှိုးလိုက်တော့သည်။

Yoongiကအထုတ်အပိုးတွေလည်းသယ်လာသေးသည်။ကားပေါ်ရောက်ရောက်ချင်းသူ့ကိုကြည့်ကာ.....

"ရပြီ.....ရော့"

သူ့လက်ထဲကလိပ်စာကတ်ကိုjiminဆီထိုးပေးသည်။Jiminလည်းလိပ်စာကိုတစ်ချက်စစ်ကာတစ်ရှိန်ထိုးမောင်းလိုက်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"ငါသွားပြီ...."

ရောက်တာနဲ့အတင်းအထုတ်အပိုးတွေဆွဲကာကားပေါ်ကဆင်းသွားတဲ့Yoongi....jiminကအထုပ်ဆွဲနေတဲ့Yoongiလက်ကိုလှမ်းဆွဲကာ......

"သွားတော့မှာလား...ငါ့ကိုတောင်အိမ်ထဲမခေါ်ဘူးလား"

"မခေါ်တော့ဘူး....နောက်မှလာခဲ့"

Yoongiပြောရင်းအတင်းပြေးဝင်သွားသည်မှာလှုပ်တုတ်တုတ်......Jiminလည်းအနည်းငယ်အကဲခတ်ကာပြန်သွားလိုက်တော့သည်။

........

"ဘယ်သူလဲ"

Namjoonအဆက်မပြတ်မြည်နေတဲ့Bellသံကြောင့်မဆဲယုံတမည်ပြောရင်းတံခါးဖွင့်လိုက်သည်။သူ့ရှေ့ကမျက်ရည်လေးတွေဝဲနေတဲ့ကောင်လေးကအထုပ်အပိုးတွေနှင့်သူ့ကိုမြင်တာနဲ့ဒူးထောက်ချကာ....

INNOCENT(comlplete)Where stories live. Discover now