14

2.6K 239 34
                                    

မိုးလင်းထဲကYoongiတစ်ယောက်Namjoonကိုရှက်လို့ရှောင်နေမိတယ်။Forthကကြားကဘာမှမသိပေမဲ့Yoongiရဲ့ထူးဆန်းတဲ့အမူအရာကြောင့်နားမလည်ဖြစ်နေသည်။

"Yoongi.....cartoonကားကြည့်မလား"

ဧည့်ခန်းထဲမှာပေါင်မုန့်လေးကိုက်ကာဆိုဖာပေါ်မှာငြိမ်နေတဲ့YoongiကိုForthအဖော်ပြုပေးဖို့ခေါ်မိသည်။Yoongiကသူ့ကိုမျက်လုံးဝိုင်းဝိုင်းတို့နဲ့ကြည့်လာကာ

"အင်းကြည့်မယ်လေ"

Forthလည်းTVကိုတစ်ချက်ဖွင့်ကာYoutubeထဲဝင်ရင်းyoongiကြိုက်လောက်မဲ့ကာတွန်းကားရှာပေးနေမိတယ်။

"Forthဟင်းသွားချက်....ရော့"

NamjoonကTVရေှ့ကာရင်းသူ့လက်ထဲကအသားထုပ်အချို့နဲ့ဟင်းချက်ပစ္စည်းအချို့ကိုForthဆီတည့်တည့်ပစ်ပေးလိုက်သည်။Yoongiကိုတော့တစ်ချက်ပင်မကြည့်....Forthလည်းမဲ့ရွဲ့ကာထသွားလိုက်သည်။Forthထွက်သွားမှNamjoonတစ်ယောက်Yoongiဘေးဝင်ထိုင်လိုက်သည်။နေရခက်နေတဲ့Yoongiကထထွင်သွားဖို့ပြင်လိုက်သည်။

"ထိုင်နေ....ထပ်အနမ်းမခံချင်ရင်"

TV remote ကိုနှိပ်ရင်းYoongiကိုတစ်ချက်မကြည့်ပဲသွေးအေးအေးသတိပေးလိုက်တဲ့Namjoonကြောင့်Yoongiခြေလှမ်းတို့တုန့်ခနဲပင်

ငြိမ်ငြိမ်လေးပြန်ထိုင်ကာရင်တစ်ဒုန်းဒုန်းခုန်နေတဲ့Yoongi

"မင်းဘာကြည့်မှာလဲ"

အခုမှသူ့မျက်နှာကိုစိုက်ကြည့်ရင်းမေးလာတဲ့Namjoonကြောင့်Yoongiမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ရင်း

"ဟို....ကြောင်နဲ့ကြွက်"

Yoongiပြောရင်းTvဆီအကြည့်ပို့လိုက်သည်။Namjoonလည်းသူကြည့်ချင်တာကိုYoutubeထဲရှာဖွေပေးလိုက်သည်။

Namjoonအချိန်အတော်ကြာသည်ထိငြိမ်ကာYoongiကိုပင်ခိုးခိုးကြည့်နေသည်။သူဒီလိုနေရခက်နေတဲ့အခြေအနေကိုအဆုံးသတ်ချင်သည်။Namjoonတစ်ခုခုလုပ်ဖို့ကြံရင်းYoongiလက်သေးသေးလေးတို့ပေါ်အုပ်ကိုင်လိုက်သည်။တုန်တက်သွားတဲ့ကိုယ်လေးကရီချင်စရာ

"မင်းကငါ့ရည်းစားလေ....လက်လေးကိုင်တာတောင်မရဘူးလား"

Namjoonပြောရင်းခပ်တည်တည်ပင်လက်ချောင်းထိပ်လေးတွေကိုအနမ်းခြွေလိုက်မိသည်။

INNOCENT(comlplete)Where stories live. Discover now