11

2.6K 221 21
                                    

Namjoonအိပ်ခန်းထဲရောက်တာနဲ့ဘာလုပ်ရမှန်းမသိဖင်ကဏာမငြိမ်ဖြစ်နေသည်။

"📱📱📱📱"

ဖုန်းသံကြောင့်ဒေါသကိုခဏမြိုသိပ်ကာဘောင်းဘီအိတ်ထဲကထုတ်ကာကိုင်လိုက်သည်။

"ပြောဘာလဲ"

တစ်ဖက်လူကJinမှန်းသိနေတာကြောင့်ခပ်ဆက်ဆက်မေးလိုက်သည်။Jinကတော့တဖက်ကရယ်လာကာ

"မင်းသဝန်တိုနေတာလား........Yoongiကို"

"ဘာမှတိုစရာမလိုဘူး......ငါသူ့ကိုအရမ်းမုန်းတာမသိဘူးလား..."

Namjoonပြောရင်းကုတင်ပေါ်လှဲလိုက်သည်။

"အဲ့တာဆိုခုနဘာဖြစ်တာလဲ"

"ယောက်ကျားမြင်တိုင်းချောတယ်ဆိုပြီးကပ်တွယ်နေလို့ကြည့်မရလို့"

"ဒါပဲလား"

"ဒါပဲ.....ငါတို့လိုအနာဂတ်မရှိတဲ့ငါ့ဘဝထဲသူဝင်လာရင်သူဒက္ခရောက်မှာသူသိသင့်တယ်။အခုတော့တခြားကောင်ကိုကြိုက်နေတာနေမှာပေါ့.....အဲ့တာကြောင့်ငါနဲ့လွတ်ကင်းသွားပြီ"

Namjoonပြောရင်းဘေးကအိပ်ယာခင်းစကိုဆုပ်ကိုင်လိုက်သည်။

"အေး....အဲ့တာဆိုလဲဒါပဲ.....သတ္တိမရှိတဲ့ကောင်"

"ဘာကိုသတ္တိမရှိတာလဲ....1 by 1ဆွဲမလား"

"မဆွဲဘူး.....ငါပြောတာမင်းနားလည်လာလိုက်မယ်။ဒါနဲ့Forthကိုသတိထား.....သူကနှာဘူးနည်းနည်းကျတယ်"

Jinပြောပြီးဖုန်းချသွားတာနဲ့Namjoonတစ်ခုခုတွေးမိကာချက်ချင်းအခန်းပြင်ပြေးထွက်လာသည်။

Namjoonမြင်နေရတာမြင်ကွင်းကြောင့်စိတ်တိုလွန်းလို့လူပင်သတ်ပစ်ချင်လာသည်။Forthဆိုတဲ့ကောင်ကိုYoongiကပြုံးရယ်ကာစကားပြောနေလေသည်။

Namjoonလည်းစိတ်ထဲအတွေးတစ်ခုဝင်လာကာ....

"အား...အာ့နာတယ်.....အားငါ့ပခုံးတွေအရမ်းနာတာပဲ......ကိုယ်တွေလဲပူနေပြီ....အဟွတ်...အဟွတ်"

Namjoonအသံကိုမြှင့်ကာYoongiကြားလောက်သည်ထိအော်နေသည်။Yoongiလည်းNamjoonအသံကြားတာနဲ့ချက်ချင်းထကာ

"အကိုForth....ဦးယေးကြီးဆီခဏသွားဦးမယ်...နားနေလိုက်ပါ"

Yoongiပြောပြီးတာနဲ့အသံလာရာပြေးထွက်သွားသည်။Forthကတော့အခြေအနေကိုကြည့်ကာ

INNOCENT(comlplete)Where stories live. Discover now