8

2.7K 229 8
                                    

Namjoonအိပ်ယာကနိုးတော့လေးလံနေတဲ့မျက်ခွံတို့ကြောင့်မျက်စိမဖွင့်ချင်သေး......
သို့ပေမယ့်ဒီနေ့Jinနဲ့အတူအလုပ်ကိစ္စတစ်ချို့ရှိတာမို့ထဖို့ပြင်လိုက်သည်။မျက်ခွံကိုလေးပင်စွာဖွင့်လိုက်သည်။

လှလိုက်တဲ့မျက်လုံးလေး.....နှာခေါင်းလေးရောပဲ....နှုတ်ခမ်းပိစိလေးတွေကမွေးကင်းစကလေးလိုပဲ.....မျက်တောင်ခပ်တိုတိုနှင့်....နေရောင်ခြည်ဖျာကျနေတာကြောင့်ဖြူနုနုအသားအရည်ကနေရောင်အောက်မှာပင်ပျောက်ကွယ်တော့မလို......ဆံနွယ်တို့ကခပ်ပြေပြေနှဖူးပေါ်မှာဝဲကျနေသည်......နူးညံ့တဲ့ဆံသားဆိုတာကိုင်ကြည့်စရာမလို....အမြင်နဲ့တင်သိသာသည်။

"ဦးယေးကြီး....ဦးယေးကြီး"

သူကြည့်နေတဲ့အရာဆီကနှုတ်ခမ်းနှဧ်လွှာကြားကအသံထွက်လာမှသတိဝင်လာသည်။

"ဘာလို့အော်နေတာလဲ....နိုးနေတာကြာပြီလား"

Namjoonကုန်းရုန်းထကာမေးတော့Yoongiကခစ်ခနဲထရယ်ကာ.....

"သားကဘယ်လိုထရမှာလဲ.....ဦးယေးကြီးကအတင်းဖက်ထားပြီးတော့.....သားကိုဖက်ခေါင်းအုံးထင်နေတာလား...ဟိ....ဒါပေမယ့်နွေးတယ်။ရှက်ဖို့ကောင်းပေမယ့်ပေါ့"

Namjoonလည်းဘာပြောရမလဲမသိဖြစ်ကာအတော်မျက်နှာပျက်သွားသည်။

"ငါဘာသာအိပ်နေတာ....မင်းကငါ့အခန်းဝင်အိပ်တာကိုး"

"သားကဘယ်မှာသွားအိပ်ရမှာလဲ"

ခပ်တိုးတိုးဆိုလာတဲ့အသံလေးကြောင့်အပြစ်မတင်ရက်တော့ပါ။

"ဘာပဲဖြစ်ဖြစ်.....ငါ...ငါ....ငါကအအိပ်ကြမ်းလို့....ဟာကွာ...ကျစ်"

Namjoonပြောပြီးတာနဲ့သူဘာသာအားမလိုအားမရဖြစ်ကာစုပ်သက်မိသည်။Yoongiဘာပြောမလဲမသိချင်တော့။အူကြောင်ကြောင်ဖြစ်နေတဲ့ကောင်ငယ်လေးကိုထားခဲ့ကာ.....ရေချိုးခန်းဆီဦးတည်လိုက်သည်။

ရေချိုးခန်းထဲရောက်မှတံခါးလော့ချကာ.....

"မင်း.....မင်းတော်တော်များနေပြီ....ငါကြောင့်မဟုတ်ဘူး....မင်းကြောင့်ပဲ။ငါသည်းမခံနိုင်တဲ့တစ်နေ့သတ်မှာနော်သတိထား"

Namjoonမှန်ထဲကသူ့ရဲ့ချောမောလှလွန်းတဲ့သူ့ပံရိပ်ကိုလက်ညိုးငေါက်ငေါက်ထိုးကာဆူနေသည်။

INNOCENT(comlplete)Where stories live. Discover now