17

2.5K 202 7
                                    

"အဲ့တာဆိုမင်းနဲ့ဒီကောင်နဲ့ခင်တာကြာပြီပေါ့"

Namjoonမေးရင်းjiminကိုမျက်စပစ်ပြလိုက်သည်။Jiminကမျက်စောင်းထိုးကာ

"ဘာမှမခင်ဘူး.....တစ်ခါလေးပဲရုပ်ရှင်အတူကြည့်မိတာ....နေရာတစ်ခါလိုက်နှောက်ယှက်နေတော့တာပဲ"

Jiminပြောရင်းမကျေနပ်မှုကိုထုတ်ပြမိသည်။

Namjoonကတော့အခြေအနေကိုသဘောပေါက်ဖို့Jinကိုတစ်လှည့်Jiminကိုတစ်လှည့်ကြည့်နေမိသည်။Yoongiကတော့ဘေးကမျက်ခုံးတို့ကျုံ့ထားသည်။Namjoonနားဖျားနားကပ်ကာ

"ဦးယေးကြီး....အဲ့နှစ်ယောက်ရကရည်းစားတွေရန်ဖြစ်ထားတာကျနေတာပဲ"

Namjoonလည်းသူပြောတာဟုတ်နေတာကြောင့်အကဲခတ်မိလိုက်ပြန်သည်။တကယ်လည်းဟုတ်သည်။Jiminဆိုတဲ့တစ်ယောက်ကအမြင်ကတ်နေပုံပင်....မကြည့်ချင်လဲမကြည့်တာမဟုတ်ပဲ....မျက်စောင်းတခဲခဲနဲ့ပြဿနာရှာနေသည်။

"ကဲပါ.....ငါကForthဆီလာတာ....ငါတို့သုံးယောက်ထပ်ပြီးအလုပ်လုပ်ရမယ်ထင်တယ်"

Jinပြောရင်းNamjoonကိုကလေးတွေနားမလည်အောင်မျက်လုံးချင်းဆုံကြည့်ကာသဘောပေါက်စေသည်။

"Yoongi....ကိုယ်တို့အလုပ်သွားွီးမယ်။အိမ်မှာစောင့်နေ"

Namjoonပြောရင်းForthကိုခေါ်ဖို့လိုက်ရှာနေမိသည်။Yoongiအသိစိတ်ထဲမှာတော့ဒဏ်ရာတွေနဲ့ပြန်လာတဲ့ချစ်ရသူပုံရိပ်ကသိသာနေသည်။သူ့ချစ်သူဘာအလုပ်လုပ်လဲသူမသိ....သိလည်းမသိချင်ပါ။ဒဏ်ရာခဏခဏရတတ်တဲ့သူ့ချစ်သူကဘာလုပ်တာပါလိမ့်.....အခုလဲအလုပ်သွားမယ်ဆိုတာ....ဒဏ်ရာတွေနဲ့ပြန်လာမယ်လို့ပြောနေသလိုပဲ

➖➖➖➖➖➖➖➖➖➖➖➖➖➖

"Mr.Zosကဟိုမှာ......ငါတို့အစီအစဥ်အရForthမင်းအရင်သွားတွေ့"

Namjoonပြောရင်းပစ္စတိုတစ်လက်ကိုအသင့်ထုတ်ထားလိုက်သည်။Jinကတော့အဝေးကပစ်ဖို့ shipper ကိုကျည်ထိုးနေလေပြီ
သူတို့ရောက်နေတဲ့နေရာကMr.Zosနဲ့တစ်မိုင်နီးပါးလောက်ဝေးသည်။

"Hi....Mr.Zos"

Forthနှုတ်ဆက်ရင်းMr.Zosဆီလက်နက်မရှိပဲဦးတည်လိုက်မိသည်။Mr.Zosကသူ့ကိုတွေ့တာနဲ့သေနတ်နဲ့ချိန်လိုက်ကာ

INNOCENT(comlplete)Where stories live. Discover now