🐰 Episode - 17 🐹

2.4K 353 55
                                    

ZAWGYI

"ဘာမှမဖြစ်ပါဘူး...သိပ်လဲစိတ်မပူပါနဲ့...အသက်
ကြီးပြီဆိုတော့ သွေးတိုးခေါင်းမူးတာကတော့ ထုံးစံ
ပါပဲ...ရေချိုးမကြာစေနဲ့ဦး...လူကြီးဆိုတော့ ပိုဂရု
စိုက်သင့်တယ်လေ..မနက်ဖြန်တော့ ငါထပ်လာ
ရင်လာခဲ့ပါ့မယ်"

"ကျေးဇူး Taehyung...စိတ်ပူသွားတာပဲ ငါ့မှာ..."

ညနေထဲက အရင်လို ဆော့မယ်ဆိုပြီးသောင်း
ကျန်းနေကျမဟုတ်ဘဲ အခန်းထဲမှာပဲ ကုတင်ပေါ် တစ်ချိန်လုံး လှဲရင်းငြိမ်နေတဲ့ အမေ့ကြောင့် တစ်အိမ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။

ဘာကြောင့်ငြိမ်နေလဲ နေမကောင်းလို့များလားဆိုပြီး နဖူးလေးသွားစမ်းကြည့်တော့မှ ကိုယ်လေးနွေးနေပြီး
ခေါင်းမူးတယ်ဆိုလို့ ချက်ချင်း Taehyung ကို ဖုန်းဆက်ခေါ်လိုက်ရခြင်းပင်...

Taehyung စကားကြားမှပဲ သူတို့အကုန် စိတ်ပူမှုတွေ ပြေလျော့ကုန်၏။
မဲ့ရွဲ့နေတဲ့ တစ်ယောက်သောသူတော့ မပါဘူးပေါ့...
ကုတင်ပေါ် သာယာစွာလှဲနေတဲ့ Mrs.Jeon ကတော့ အသေအချာ အနားယူနေပုံပင်...

"ပြန်တော့မလား Tae...ငါလိုက်ပို့မယ်လေ"

ပြန်တော့ဖို့ ပြင်နေတဲ့ Taehyung ဆီက အိတ်ကို
ယူပြီး Seokjin ပြောတော့ Jeon ညီအစ်ကို
နှစ်ယောက်မှာ မျက်စိမျက်နှာ ပျက်သွား၏။

"အင်း Seokjin...ဥက္ကဠကြီး ကျွန်တော့ကိုသွားခွင့်
ပြုပါဦး..Jeon Jungkook-ssi...ပြန်လိုက်ပါ
ဦးမယ်...Jimin ငါသွားပြီနော်"

"အ....အင်း Taehyung..."

Taehyung ပြုံးပြီးသာ အကုန်လုံးကို နှုတ်ဆက်
ပြီးမှ Seokjin လက်ကို ဆွဲရင်းအခန်းထဲက ထွက်
သွားသည်ကိုပင် မျက်စိတစ်ဆုံးလိုက်ကြည့်နေကြ
တဲ့ သူတို့ညီအစ်ကိုမှာ နာကျင်မှုတွေ အပြည့်ဖြင့်..

Jimin အကြောင်းမသိဘဲ Jungkook အကြောင်း
သာ သိသော Mrs.Jeon မှာ သားကြီးဖြစ်သူအား ဝမ်းနည်းသောမျက်ဝန်းအစုံနဲ့ ကြည့်နေလေသည်။
ဒီကလေးနှစ်ယောက်ကို ဘာအနှောင့်အယှက်မှမရှိဘဲ ပေါင်းဖက်နိုင်အောင် သူမဘယ်လိုလုပ်ပေးရမလဲ...

သူမ လုပ်ပေးတယ်ဘဲ ထားပါဦး...တစ်ဖက်က Taehyung အတွက် တရားမျှတမှုရှိပါ့မလား...
သူမလဲ မတွေးတတ်တော့ပေ...

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now