ZAWGYI
"မန်နေဂျာချုပ်..ဘယ်လိုလုပ်မလဲဗျာ...စက်ရုံမှူးက အလုပ်ကိစ္စနဲ့ နိုင်ငံရပ်ခြားရောက်နေတာ...ဒါပေမယ့်
မနက်ဖြန်တော့ပြန်ရောက်မှာပါ...တစ်ခါတည်း ဒီမှာညအိပ်ပြီး စောင့်သွားလိုက်ပါလားဟင်"ရောက်ရောက်ချင်း စက်ရုံကိုသွားခဲ့ပေမယ့် စက်ရုံမှူးရှိမနေတာကြောင့် Jimin စိတ်ညစ်သွားသည်။
"အဲ့လိုပဲ လုပ်ရတော့မှာပေါ့...ရပါတယ် တစ်ညဘဲ အိပ်ရမှာကို..မနက်စောစောပြန်ရောက်မယ်မလား"
"ဟုတ်...မနက်စောစောပြန်ရောက်မယ်လို့ပြောပါတယ်...ဒါနဲ့ ကျွန်တော့အိမ်မှာများ လိုက်တည်းရင် အဆင်ပြေမလားမသိဘူး"
"မလုပ်ပါနဲ့ ထားလိုက်ပါ..အဲ့ဒါဆို ကျွန်တော်
သွားတော့မယ်နော်""Nae...ကောင်းပါပြီဗျာ"
ထိုကောင်လေးအား Jimin နှုတ်ဆက်ပြီး Taehyung ရှိရာ ကားဆီသို့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့တော့သည်။
"အဆင်ပြေခဲ့လား Jimin..."
"Arrnyii...တွေ့ချင်တဲ့သူက ခရီးထွက်နေတယ်
တဲ့...မနက်မှ ပြန်လာမယ်တော့ပြောတယ်""အဲ့တော့ မင်းဘယ်လိုလုပ်ချင်လဲ"
"တစ်ရက်တည်းနဲ့တော့ ငါမပြန်ချင်တော့ဘူး..ဒီမှာည
အိပ်ပြီး မနက်တွေ့ပြီးမှပဲ ပြန်တော့မလားလို့ စဉ်းစားနေတာ..မင်းအဆင်ပြေရဲ့လား..မထူးတော့ပါဘူး..အိမ်ပြန်တာဘဲ ကောင်းမယ်ထင်တယ်""ရတယ်...ငါက အဆင်ပြေတယ်...မင်းဒီမှာညအိပ်
ချင်ရင် ငါ့အိမ်ရှိတယ်လေ..ငါလဲ မရောက်တာ
ကြာပြီ...အဲ့ကိုသွားကြရအောင်""ဟုတ်လား...အဆင်ပြေတာပေါ့"
"အိုကေ...တက်...ငါမောင်းမယ်"
Taehyung က မောင်းသူနေရာမှာထိုင်ပြီး သူကတော့ဘေးခုံလေးမှာထိုင်ရင်း ကားလေးကတော့ Taehyung အိမ်လေးဆီသို့...
ကားလေးက Daegu မြို့လေးရဲ့လမ်းမထက် တဝှီးဝှီး မောင်းနှင်လျက် Jimin တစ်ယောက် ထိုမြို့လေးရဲ့ ညအလှရှုခင်းကို ခံစားလို့နေသည်။
ဘေးမှန်နဲ့တင် အသက်ရှုမဝတာမို့ ကားအမိုးကိုပါဖွင့်ချ
လိုက်ပြီး လတ်လတ်ဆတ်ဆတ်လေလေးအား ရှူရှိုက်
လိုက်တော့ နုံးနေတဲ့ စိတ်တွေဘယ်ရောက်သွားမှန်းမသိ...
YOU ARE READING
𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionတစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ Main couple - Kookjin / Vmin Side couple - Taejin / Sope Yoai Romance