🐰 Episode - 26 🐹 ( final )

3.9K 341 105
                                    

Zawgyi

Meeting ပြီးသွားတာနဲ့ နာရီကြည့်မိလိုက်တော့ နေ့လည်စာစားချိန်ပင် ကျော်နေချေပြီ။
နေ့လည်စာအတူစားရန် အတင်းခေါ်နေသော ရှယ်ယာရှင်များကြောင့် Jimin မငြင်းသာတဲ့အဆုံး လိုက်လာခဲ့ရသည်။

လက်ထပ်ပွဲကိစ္စနဲ့ မအားဘူးအကြောင်းပြကာ သူ့အားအတင်းတွန်းပို့လိုက်သော ညီတော်မောင် Jeon Jungkook အားလည်း သူကြည့်မရတော့
ပေ။ဘယ့်နှယ့်..ဟိုက CEO နဲ့စားချင်တာကို..
မန်နေဂျာချုပ်ဖြစ်တဲ့ သူဘဲ လိုက်သွားရတာကိုး..

အဝေးကြီးလည်း မသွားချင်တာကြောင့် Company နားက စားသောက်ဆိုင်ကိုသာ သူပဲ ဦးဆောင်ခေါ်လာလိုက်တော့သည်။

ရှယ်ယာရှင်တချို့ဖြင့် စကားပြောကာ စားသောက်
ဆိုင်ထဲ ဝင်လာခဲ့ပေမယ့် မြင်ကွင်းတစ်ခုက သူ့
ခြေလှမ်းတွေအား ဆိုင်ထဲမဝင်စေတော့..

မိန်းကလေးတစ်ယောက်နဲ့အတူ Kim Taehyung ရဲ့ အပြုံးတွေက တောက်ပနေလိုက်တာ..

နေ့လည်စာစားချိန်တိုင်း Kim Taehyung ကို အမြဲတမ်းတွေ့နေရသည်က သူ့အတွက်မထူးဆန်း
တော့ပေ..အမြဲနောက်ကနေပက်ကျိလိုလိုက်ကပ်နေတာ..အမြင်ကပ်ဖို့ကောင်းတယ်..

Jimin မသိချင်ယောင်ဆောင်ကာပင် လွတ်နေသော ဝိုင်းတစ်ဝိုင်းမှာ ရှယ်ယာရှင်တွေအား ထိုင်စေလိုက်သည်။

စားစရာလာချပေးတော့ ခုံပေါ်အပြည့်နေရာယူ
ထားသော အစားအသောက်တွေဆီသာ အာရုံထားလိုက်တော့၏။

ရှယ်ယာရှင်တွေထဲမှ သူ့ဘေးမှာထိုင်သော ရွယ်တူ
ကောင်မလေးတစ်ဦးသည် ရေခွက်ကိုယူရာ လက်က
ချော်သွားတာကြောင့် သူ့ဘက်မျက်နှာမူနေသော ရေတွေဟာ သူ့ပေါင်ပေါ် စီးဆင်းလာသည်။

"အာ...မန်နေဂျာချုပ်...ကျွန်မတောင်းပန်ပါတယ်"

"ရ..ရပါတယ်ဗျ..ဟို...ကျွန်တော် Toilet ခဏ..."

တစ်ချက်ပြုံးပြခဲ့ကာ Toilet ထဲဝင်ပြီး ဘာမှမလုပ်
ဘဲ မှန်ရှေ့မှာသာ တောင့်တောင့်ကြီး ရပ်နေမိသောသူ..
အချိန်အတော်ကြာမှ ဘောင်းဘီအား တစ်ရှူးယူသုတ်
လိုက်ပြီး လန်းဆန်းစေလို့ငှာ မျက်နှာပါ
သစ်ချပစ်လိုက်၏။

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now