🐰 Episode - 25 🐹

2.4K 331 57
                                    

Zawgyi

Jimin ဘယ်လောက်တောင် အိပ်ပျော်သွားသည်
မသိ..နိုးထလာချိန်မှာတော့ ညနေစောင်းနေပြီဖြစ်
သည်။ ခုနကထက် အခြေအနေမဆိုးတော့ဘဲ ခန္တာကိုယ်မှာလည်း အနည်းငယ်ရွှင်လန်းလာချေပြီ။

လက်ကတင်းကျပ်နေသောကြောင့် ခေါင်းလေး
ထောင်ကာကြည့်မိတော့ Taehyung ၏ လက်ဖဝါး
ကြီးကြီးနှစ်ဖက်ကြားထဲ မြုပ်နေသော သူ့လက်ကလေး...

Taehyung ကတော့ ကုတင်ပေါ် ခေါင်းလေး
မှောက်ကာ အိပ်မောကျနေ၏။

သူ့လက်မှာတော့ အတင်းဆုပ်ကိုင်ခံထားရတဲ့အပြင်
နဖူးနဲ့ပါ အဖိခံထားရတာကြောင့် လက်က
လှုပ်လို့ပင်မရခဲ့...

အသာလေးဆွဲထုတ်လို့မရတော့လည်း အကြမ်း
ပတမ်းနည်း သုံးရတော့မှာပေါ့။

အားနဲ့ဆွဲထုတ်လိုက်တာမို့ လှုပ်ရွကာ နိုးလာသော Taehyung သည် Jimin လက်ကိုလည်း လွှတ်ပေးလာသည်။

"နိုးပြီလား..."

ကုတင်ပေါ် ငုတ်တုပ်ထိုင်နေသော Jimin ၏
နဖူးလေးအား အသာစမ်းလိုက်ပေမယ့်လည်း Taehyung  ပြန်ရလိုက်သည်က ရှောင်ဖယ်ခြင်းကိုသာ..

"ပြန်တော့.."

အသံခပ်ပြတ်ပြတ်သာ ပြောလာသည်မို့ စိတ်မကြည်သေးပုံ...

"ဘာလို့ အဲ့လောက်တောင် မောင်းထုတ်နေရတာလဲ"

Taehyung ပြောရင်း ကုတင်ပေါ်တင်ပလွဲတက်
ထိုင်ပြီး အနားတိုးကပ်လာတာကြောင့် Jimin အလန့်တကြားပင် နောက်ဆုတ်၏။

"မင်းကိုငါ ထွက်သွားလို့ပြောနေတယ်လေ..သွား..
ပြန်..ငါမင်းမျက်နှာ မမြင်ချင်ဘူး"

Taehyung ကိုယ်လေးအား Jimin အတင်းတွန်းဖယ်သည်။

"စကားပြောလို့မပြီးမချင်း မပြန်ဘူး Jimin"

"ငါ့မှာမင်းနဲ့ ပြောစရာစကားမရှိဘူး Kim Taehyung"

"ဒါပေမယ့် ငါ့မှာရှိတယ်..အဲ့နေ့ကကိစ္စအတွက် ငါတောင်းပန်ပါတယ်..ငါတောင်းပန်တာကို လက်ခံပေးပါ..ပြီးတော့ ငါ့ကိုအခုလိုမျိုးကြီး
ရှောင်မနေပါနဲ့..ငါမနေတတ်လို့ပါ"

"ဟက်..မနေတတ်ရင်လည်း လဲသေလိုက်..ငါမင်းနဲ့
ပတ်သတ်ပြီး မခံစားချင်တော့ဘူး..ကြိုက်သလောက်
အသုံးချခဲ့ပြီးရင်လည်း ငါ့ကိုလွှတ်ပေးလိုက်တော့..
ငါကပဲ ပြန်တောင်းပန်တာမို့ ငါနဲ့ဝေးဝေးမှာနေပေးပါ Taehyung"

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now