🐰 Episode - 9 🐹

3K 422 71
                                    

ZAWGYI

"Seokjin..Jungkook ကို သွားခေါ်လိုက်တော့ မ
နက်စာစားမယ်လို့...company သွားဖို့နောက်ကျ
နေပြီ ဒီကလေးတော့..Jiminတောင်အစောကြီးသွား
ပြီ..သူကနောက်ကျနေတယ်"

ထမင်းစားခန်းထဲဝင်တာနဲ့ စားပွဲမှာထိုင်နေတဲ့ မေမေ
ကြီးကပြောလာတာကြောင့် Seokjin ခေါင်းညိမ့်
အဖြေပေးလိုက်သည်။အလုပ်သမားတွေကလဲ သူတို့အလုပ်နဲ့သူတို့မို့ မအားလပ်ကြ..
သူသွားခေါ်ရဖို့ပဲ ဖြစ်လာသည်။

"ဟုတ်ကဲ့ မေမေကြီး...ကျွန်တော် သွားခေါ်လိုက်
ပါ့မယ်"

ဒေါက်....ဒေါက်...💢💢

Jungkook အခန်းရှေ့ရောက်လို့ Seokjin တံခါး
ခေါက်လိုက်ပေမယ့် အထဲက ပြန်ထူးသံမလာ..
တံခါးလက်ကိုင်လေးကို ကိုင်လိုက်တော့ ပွင့်နေသော တံခါးကြောင့် သူလဲဝင်လာခဲ့လိုက်သည်။

အခန်းထဲရောက်တာနဲ့ ခေါ်ဖို့တောင်မေ့ပြီး ငေးမော
ခြင်းကစရတော့သည်။ပထမအခေါက်တုန်းက အခန်းထဲရောက်ပေမယ့် ဝင်ဝင်ချင်း အရိုက်ခံလိုက်
ရတာကြောင့် အခန်းကို သေချာမကြည့်ဖြစ်ခဲ့..

အဖြူရောင်နံရံထက်မှာ ချိတ်ဆွဲထားတဲ့ Jungkook ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးက သူအားကျလောက်အောင် သိပ်ကိုလှပလွန်းသည်။
ဆင်စွယ်ရောင် မှန်တင်ခုံကလဲ အလှပြင်ပစ္စည်းတွေ
အပြည့်နဲ့ ကြည့်ကောင်းလွန်းသည်။

အမျိုးသမီး အသုံးအဆောင်တွေကလဲ ဆိုင်တောင်
ဖွင့်စားလို့ ရလောက်သည်။တစ်ခန်းလုံးကို ဝေ့ဝိုက်ကြည့်ရင်း မြင်လိုက်ရတာက sliding door လေးတစ်ခု....

သူလဲ လျို့ဝှက်အခန်းများလား ဘာလားဆိုပြီး နဂို စပ်စုတတ်တဲ့အကျင့်လေးကြောင့်ဖွင့်ကြည့်လိုက်မိသည်။
တံခါးလေးကို ဆွဲဖွင့်ကြည့်လိုက်တော့ dressing room ကြီးဖြစ်နေ၏။

ရှေ့တည့်တည့်မှာ ထားထားတဲ့ မှန်ချပ်အကြီးကြီးနဲ့
အတူ မျက်နှာချင်းဆိုင်ထားထားတဲ့အမျိုးသား
အဝတ်အစားတွေနဲ့ အမျိုးသမီးအဝတ်အစား အကန့်လေးနှစ်ခု...
ထို့အပြင် ဖိနပ် ၊ နက်ခ်တိုင် ၊ အိတ် ၊ နာရီ အားလုံးဟာ သူ့အကန့်နဲ့သူ....

"Wow...မိုက်လိုက်တာ...."

Kim Seokjin လေး တဝါးဝါးနဲ့ ပါးစပ်ပင် မပိတ်
မိတော့...ဒီလိုအခန်းမျိုးတွေ ရုပ်ရှင်ထဲမှာပဲ သူမြင်ဖူး
ခဲ့တာ...တကယ်တမ်းတွေ့လိုက်တော့လဲ ပါးစပ်
အဟောင်းသားလေးနဲ့...

𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳  [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Onde as histórias ganham vida. Descobre agora