-1-

2.8K 227 0
                                    

**Zawgyi**

'ကလင်'

ကျွန်မ တံခါးကိုတွန်းဖွင့်လိုက်တော့ ခေါင်းလောင်းကလေးကမြည်သွားသည်။

အထဲတွင် စာအုပ်အမျိုးအစားပေါင်းစုံက သူ့နေရာနှင့်သူ အစီအရီ ရှိနေသည်။  လူတစ်ယောက်စ နှစ်ယောက်စသာရှိပြီး ငြိမ်သက်လျက်။

ဤနေရာ..ဤနေရာ..ကျွန်မ တကယ်မြတ်နိုးတဲ့နေရာ..

"ဘယ်သူလဲမသိ - Arr  Jisoo Unnie"

ကောင်တာအောက်မှ ရုတ်တရက် ထလာသော ဂျင်းနီ။

"ကဲ Unnieလည်း လာပြီဆိုတော့ ကျွန်မသွားတော့မယ်နော် See ya"

"အေးအေး ဂရုစိုက်နော်။"

"ဟုတ်"

ဂျင်းနီထွက်သွားတော့ ကျွန်မ လက်ကိုင်အိတ်ကို ခုံပေါ်သို့တင်ထားလိုက်ပြီး ကောင်တာမှာ ထိုင်လိုက်သည်။ ရုတ်တရက် မျက်နှာပေါ်ကျလာသော ဆံပင်ကို ကလစ်ဖြင့် ညှပ်တင်လိုက်သည်။  ထို့နောက် စာရင်းစာအုပ်ကို လှန်ပြီး စာအုပ်လာအပ်သောသူနှင့် ခုံပေါ်ရှိစာအုပ်များ၏အမည်နှင့် တိုက်ကြည့်ကာ ကျွန်မ၏ အလုပ်ကို ဆက်လက်လုပ်ကိုင်နေသည်။

ဟုတ်သည်။ ဤအလုပ်က ကျွန်မနှင့် အလွန်လိုက်ဖက်သည်ဟုထင်မိသည်။ ထို့ကြောင့် ငယ်ငယ်ကတည်းက သိကျွမ်းလာခဲ့သော ညီမလေးဂျင်းနီ၏ အကူအညီဖြင့် ဤစာအုပ်ဆိုင်မှာ ဝင်လုပ်ခဲ့သည်။  ကျွန်မ အလုပ်ဆင်းသည်မှာလည်း လအနည်းငယ်သာရှိသေးသည်။

ငယ်ငယ်ကတည်း စာအုပ်များအကြားပျော်မွေ့လာသူမို့ အချိန်ရှိတိုင်း စာအုပ်နှင့်သာ ကုန်ဆုံးချင်နေမိသည်။ လခနည်းသော်ငြား ကျွန်မပျော်ပါသည်။

စာရင်းများတိုက်နေရင်း အပြင်ဝန်းကျင်ကို လှမ်းပြီး  အကဲခတ်မိသည်။ နေသာသော ရာသီဥတုအောက်မှာ လူများက ဥဒဟို လှုပ်ရှားသွားလာနေကြသည်။ ကျွန်မတို့ စာအုပ် ရောင်း/ငှားဆိုင်နှင့် တည့်တည့်မှာ ကော်ဖီဆိုင်ရှိသည်။ ကော်ဖီဆိုင်လေး၏ ဘေးမှာ ပန်းခြံရှိသည်။ စုံတွဲတစ်တွဲက ကော်ဖီတစ်ခွက်တည်းကို ပိုက်နှစ်ချောင်းတပ်ကာ ပြုံးရယ်ပြီး ကော်ဖီသောက်နေတာ မြင်တော့ ကျွန်မမှာ ဘာရယ်မဟုတ် ရင်ထဲနွေးကာ..ကြည်နူးမိသည်။

မောင့်ကို.. ချစ်ခဲ့ဖူးပါသည်  [ေမာင့္ကိုခ်စ္ခဲ့ဖူးပါသည္]Where stories live. Discover now