-2-

1.7K 192 0
                                    

**Zawgyi**

ချစ်ခဲ့မိသော အမျိုးသမီးတစ်ယောက်၏ နာမ်စားကို
'မောင်'  ဟုသုံးမိသည်မှာ မမှားဘူးဟု ကျွန်မ ထင်မိသည်။

တခြားချစ်သူ စုံတွဲတွေလည်း ဒီလိုပဲ သုံးကြသည်မလား။
Genderကွဲရုံဖြင့် အသုံးနှုန်းပါကွဲရမည်ဟု မည်သူမျှ သတ်မှတ်ထားခြင်းမရှိ။

မောင် ဆိုသော စကားလုံးလေးကို ကျွန်မ အရမ်းနှစ်သက်မိသည်။

မိခင်တစ်ယောက်က သားသမီးကို အပေါ်ထားသည့် မေတ္တာမျိုး....

လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ကြင်နာပြီးချစ်သည့် အချစ်မျိုး....

လူတစ်ယောက်က မိမိချစ်ရသူကို မြတ်နိုးပြီး ချစ်တဲ့အချစ်...

စသည့်အဓိပ္ပါယ်တွေ အကုန်လုံးက 'မောင်' ဆိုသည့်စကားလုံးတစ်လုံးလေးထဲမှာ ပါဝင်နေသည်ဟု ထင်မိသောကြောင့်ပင်။

'မောင်'

ထိုနာမ်စားကို ခေါ်လိုက်တိုင်း ကျွန်မတစ်ကိုယ်လုံး နွေးထွေးသွားရသည်။ အချစ်၏ မမြင်ရသောစွမ်းအားတစ်ခုပင်ဖြစ်မည်ထင်ပါသည်။

-×-

နေ့လည်စာစားရန် ဆိုင်မှ ထွက်လာခဲ့ပြီးနောက် ကျွန်မ စားနေကျ ဆိုင်လေးသို့ ဦးတည်လာခဲ့သည်။

ယနေ့မှ ဆိုင်က လူပြည့်နေသည်။ ထိုင်စရာနေရာတောင်မရှိ။ ထို့ကြောင့် ကျွန်မ ပြန်လှည့်လာပြီး အနီးနားဝန်းကျင်ရှိ စားသောက်ဆိုင် တစ်ခုသို့ ဝင်ထိုင်လိုက်သည်။

ဆိုင်ကလေးမှာ သေးငယ်သော်လည်း ခမ်းနားပြီးသပ်ရပ်သည်။ သန့်လည်းသန့်သည်။ အေးဆေးပြီး လူလည်း သိပ်မရှိသောကြောင့် ကျွန်မအကြိုက်နှင့် ကွက်တိ။ အဆင်ပြေရာတစ်ခုကို မှာပြီး ထိုင်စောင့်နေလိုက်သည်။ စားပွဲပေါ်မှ ရေနတ်သမီးပန်း(Daffodil)ပန်းကို မြင်မှ မနက်ကပန်းကို သတိရမိသည်။ အပြန်ကျမှ ဝင်ဝယ်တော့မည်။

စားသောက်ပြီးနောက် ကျွန်မ၏ ဦးတည်ရာက ပန်းဆိုင်သို့။ မြို့ကြီးပြကြီးသို့ ရောက်တာ မကြာသေးသောကြောင့် ကျွန်မ သိသည့်ပန်းဆိုင်သို့သာ သွားလိုက်သည်။

မောင့်ကို.. ချစ်ခဲ့ဖူးပါသည်  [ေမာင့္ကိုခ်စ္ခဲ့ဖူးပါသည္]Where stories live. Discover now