-5-

1.3K 161 3
                                    

**Zawgyi**

အချိန်တွေ ဘယ်လောက်ပဲ ကြာပါစေ မောင့်အပေါ်မှာထားတဲ့ ကျွန်မ အချစ်တွေက နွေးထွေးလတ်ဆတ်တုန်းပါမောင်။

-×-

အီတလီနိုင်ငံ။

"ပုံပေ"

ပုံပေ သမိုင်းအကြောင်းရှင်းပြနေသော လူကြီးနှင့် စကားစမြည်ပြောရင်း ပုံပေအကြောင်းကို လိုတာထက်ပိုသိခဲ့ရသည်။ တစ်ချိန်က အရမ်းခမ်းနားခဲ့သော မြို့ကြီးကို ကြည့်ရင်း နှမြောတသဖြစ်မိသည်။

သည်လောက်ကြီးကျယ်ခမ်းနားခဲ့သော မြို့တော်ကြီးတွင် လွမ်းမောစရာ အချစ်ဇာတ်လမ်းများလည်း ရှိနေမှာ အသေအချာပင်။

"ဆရာမ"

"ဆရာမ Jisooမဟုတ်လားဟင်"

ကျွန်မအနားကိုရောက်လာသော ကောင်မလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ ကိုရီးယားလူမျိုးဖြစ်ရမည်။
အရွယ်အားဖြင့် ၁၇၊၁၈ဝန်းကျင်သာရှိဦးမည်။

"ဟုတ်ပါတယ်"

"သမီးတို့က ဆရာမရဲ့ ဖန်ပါ။ ဆရာမရဲ့ စာအုပ်တွေ အမြဲဖတ်ဖြစ်တယ်"

"အာ...ကျေးဇူးတင်လိုက်တာကွယ်"

ကျွန်မရင်ထဲ နွေးထွေးပြီး ပီတိဖြာသွားရသည်။

"ဆရာမနဲ့ဓာတ်ပုံအတူတူရိုက်ချင်လို့ ရလားဟင်"

"ရတာပေါ့ သမီးတို့ရယ်"

ကောင်မလေးနှစ်ယောက်က ဖုန်းထုတ်လိုက်ပြီး ကျွန်မနှင့်အတူ ဆယ်လ်ဖီးရိုက်လိုက်သည်။ ထို့နောက် သူတို့ဆီတွင် ပါလာသော ကျွန်မ၏ ၈အုပ်မြောက်စာအုပ်ကို လက်မှတ်ထိုးပေးရန် တောင်းဆိုသဖြင့် ကျွန်မ လက်မှတ်ထိုးပေးကာ အမှတ်တရစာတမ်းလေးပါ ရေးပေးလိုက်သည်။

ထိုအမျိုးသမီးငယ်လေးနှစ်ယောက်ကို မြင်တော့ ကျွန်မ၏ အတိတ်တချို့ဆီ အတွေးတွေက ပျံ့လွင့်သွားပြန်သေးသည်။ 

ကြာခဲ့ပြီ....။
တကယ်ကို ကြာခဲ့ပြီ။

မနက်ဖြန်ဆိုလျှင် ကျွန်မ၏ ၁၅အုပ်မြောက်စာအုပ်မိတ်ဆက်ပွဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆို လျှင် ကျွန်မအသက် ၄၀ နှစ်ပြည့်မွေးနေ့ဖြစ်သည်။  စာအုပ်ထုတ်ဝေသူက အီတလီ ဇာတိဖြစ်သဖြင့် မိတ်ဆက်ပွဲကိုလည်း အီတလီမှာပင် ကျင်းပရန် စီစဉ်လိုက်ဖြင်းဖြစ်သည်။

မောင့်ကို.. ချစ်ခဲ့ဖူးပါသည်  [ေမာင့္ကိုခ်စ္ခဲ့ဖူးပါသည္]Where stories live. Discover now