-The End-

2.6K 222 24
                                    

**Zawgyi**

နေကြာပန်းတွေက တကယ်ကို သစ္စာရှိပါတယ် 'မောင်'။
ဟော့ဒီက ကျွန်မကလည်း နေကြာပန်းလေးလို မောင့် အပေါ်အမြဲသစ္စာရှိသွားပါမယ်။

ချစ်တယ် ....သေတပန်သက်ဆုံးတိုင်ထိ မောင့်တစ်ယောက်တည်းကိုပဲ......။

-×-

"သူဋ္ဌေး သူဋ္ဌေး"

"အေးပြော"

"ဆရာမကို တွေ့ချင်တဲ့ ဧည့်သည်ရောက်နေတယ်"

ကျွန်မနှင့် ထုတ်ဝေသူ စကားပြောနေခိုက် ထုတ်ဝေသူ၏  အတွင်းရေးမှူးက ဝင်လာကာ အသိပေးသည်။ ထုတ်ဝေသူက ကျွန်မ၏ မျက်နှာရိပ်ကို ကြည့်နေသည်။ ကျွန်မက ရပါတယ် တွေ့လို့အဆင်ပြေပါတယ်ဟု ခေါင်းငြိမ့်ပြလိုက်သည်။

အတွင်းရေးမှူးပြန်ထွက်သွားပြီး ခဏအကြာမှာပင် ဒေါက်ဖိနပ်သံကို ကြားလိုက်ရသည်။

ကျွန်မလှည့်ကြည့်လိုက်သည်။ မိန်းမပျိုတစ်ယောက် အပေါက်ဝမှာ ရပ်နေသည်။ ကျွန်မကိုလည်း တအံ့တသြနှင့် စိုက်ကြည့်နေသည်။ ရုတ်တရက် သူမ၏ မျက်မှန်ကို ဆွဲချွတ်လိုက်သည်။  ထို့နောက် သူမကပဲ စကားစပြောသည်။

"ဆရာမ သမီးကိုမှတ်မိလားဟင်"

"အင်း...ဘယ်သူများလဲ..ဆရာမ မမှတ်မိ..."

ကျွန်မ ဒီကလေးမကို မြင်သဖူးလိုတော့ရှိသည်။ အာရုံထဲတွင် သေချာပုံဖော်ကြည့်နေမိသည်။ ရုတ်တရက် ဦးနှောက်ထဲ လျှပ်စီးလက်သွားသလို ဖျပ်ခနဲ ပေါ်လာသည်။

အို! ... ဘုရားရေ...ဒါ...ဒါ...

"SoYoung လေး"

ကျွန်မ အံ့သြလွန်းသဖြင့် ပါးစပ်ကို လက်နှင့်အုပ်လိုက်သည်။ ထို့နောက် ထိုင်ရာမှ ထပြီး SoYoungလေးကို ဖက်ထားလိုက်သည်။

ကျွန်မ၏ လက်ဦး တပည့်လေး။ ယခုတော့ အပျိုဖားဖားကြီးကို ဖြစ်လို့။ အသက်ကြီးလေ ပိုလှလာလေ။ သူ့ အစ်မနှင့် တူတာပဲ ဖြစ်ရမည်။

ထုတ်ဝေသူအား နှုတ်ဆက်ပြီး ပန်းခြံလေးတစ်ခုမှာ ကျွန်မတို့ ကော်ဖီသောက်ရင်း ဝင်ထိုင်လိုက်သည်။ ဆောင်းရာသီဝင်ခါနီးမို့ မြောက်ပြန်လေက တဖြူးဖြူးတိုက်နေသည်။

🎉 You've finished reading မောင့်ကို.. ချစ်ခဲ့ဖူးပါသည် [ေမာင့္ကိုခ်စ္ခဲ့ဖူးပါသည္] 🎉
မောင့်ကို.. ချစ်ခဲ့ဖူးပါသည်  [ေမာင့္ကိုခ်စ္ခဲ့ဖူးပါသည္]Where stories live. Discover now