-3-

1.4K 177 3
                                    

**Zawgyi**

အချစ်က ခါးသလား ချိုသလား ကျွန်မ မသိပါဘူး မောင်ရယ်။

ကျွန်မသိတာကတော့  မောင့်ကိုကျွန်မ သိပ်ချစ်တာပဲ။

-×-

စာအုပ်တွေကို စာအုပ်စင်ပေါ်သို့ သေချာပြန်စီရင်း အတွေးတွေက လွင့်မျောနေသည်။ မောင့်ကို ကျွန်မ ချစ်မိနေသည်မှာ ကြာပြီ။ မောင့်ကို စပြီး သတိထားမိကတည်းကပင် ဖြစ်လိမ့်မည်။

ယနေ့နှင့်ဆိုလျှင် ကျွန်မ ဤမြို့ကြီးပြကြီးကိုရောက်နေသည်မှာ အချိန်အတော်ကြာပြီ။  အလုပ်များကလည်း သူ့နေရာနှင့်သူ အထိုင်ကျကာ ကျွန်မအတွက်အဆင်ပြေနေပါသည်။ တချို့သော နေရာတွေကို ကျွန်မ စူးစမ်းကာသွားကြည့်မိသည်။ ဆိုးလ်မြို့ကြီးက တကယ်ကိုလှပါသည်။

မောင် ရော...ဒီချိန်ဘာများလုပ်နေမှာလဲ။
ကျွန်မတော့ မောင့်ကို သိပ်လွမ်းတာပဲ။

မောင် ဘယ်မှာနေလဲ ကျွန်မမသိ။
မောင် ဘာကြိုက်တတ်လဲ ကျွန်မ မသိ။
အယုတ်စွဆုံး မောင့် နာမည်ပင် ကျွန်မ မသိ။

ဒီအကြောင်းတွေကို မောင်နှင့် ရည်းစားဖြစ်လို့ ပြောမိလျှင်  မောင်က ရယ်များရယ်လေမလား။ သို့မဟုတ် အကြင်နာဒေါသောဖြင့် နာမည်တောင်မသိပဲ ချစ်နေသေး ဆူလေမလား။ အဲ့သည်လိုမှမဟုတ်လျှုင် စကားမပြောတော့ပဲ ကျွန်မကို စိတ်ကောက်လေမည်လား.... ။

အို..ဘာပဲဖြစ်ဖြစ် မောင့်ကို သိပ်လွမ်းတယ်ကွယ်။

မောင်နှင့်မတွေ့ရသည်မှာ ရက်အတော်ကြာနေပြီ။
လူချင်းတောင်မရင်းနှီးပဲ လွမ်းရသည်က အစာနင်နေသလိုလိုတော့ရှိသည်။ ခံစားရသည်က ခပ်ခက်ခက်နှင့်။

ကျွန်မ ဤမြို့ကိုရောက်စက လိုအပ်သော ပစ္စည်းများ ထွက်ဝယ်ရင်း မောင့်ကိုစတွေ့ခဲ့တာဖြစ်သည်။ ကုန်တိုက်တစ်ခုမှာ ဈေးဝယ်နေရင်း ကျွန်မ မုန့်ရွေးနေခိုက် မောင်က မျက်နှာချင်းဆိုင်က စာအုပ်ဆိုင်ကလေးမှာ စာအုပ်ရွေးနေတာဖြစ်သည်။

နူးညံ့သော လက်ချောင်းကလေးများဖြင့် စာရွက်ကို လှန်လှောလေ့လာနေပုံကစပြီး စာအုပ်ကို သဘောကျသဖြင့် ပြုံးလိုက်သည့် မောင့်အပြုံးက အမှတ်မထင်ပဲ ကျွန်မ နှလုံးသားထဲသို့ ခုန်ဝင်လာခဲ့သည်။ ကုန်တိုက်ထဲတွင် လူအများအပြား စည်ကားသွားလာ လှုပ်ရှားနေကြသော်လည်း မောင့် ပုံရိပ်ကသာ ကျွန်မကို လွှမ်းမိုးလျက်ရှိသည်။ စာအုပ်ဖိုးရှင်းပြီး လှည့်ထွက်သွားသော မောင့်ကို ငေးကြည့်ရင်း နောက်တစ်ခေါက် ပြန်ဆုံပါရစေဟု  ဆုတောင်းမိသည်။
အတ္တကြီးသည်ဟု သမုတ်ချင်လည်း သမုတ်ပါစေ။
ကျွန်မတော့ မောင်နှင့် ထပ်တွေ့ချင်သေးသည်။

မောင့်ကို.. ချစ်ခဲ့ဖူးပါသည်  [ေမာင့္ကိုခ်စ္ခဲ့ဖူးပါသည္]Onde histórias criam vida. Descubra agora