Means For You:Twelve

418 62 10
                                    

Fleshback....

မွေးခန်းအရှေ့မှာပြာယာခက်နေတဲ့ လူငယ်လေးတစ်ယောက်..သူ့ရဲ့အခန်းရှေ့အသွားအပြန်လုပ်နေတဲ့ ခြေလှမ်းတွေက စိုးရီမ်မူအပြည်နဲ့ပင်။နဖူးထက်ကချွေးတွေရွဲကာ နောက်ဆုံးတော့ ခြေလှမ်းတွေရပ်ပြီး အခန်းရှေ့ကခုံတန်းမှအမောပြေသူထိုင်လိုက်သည်။

ထိုအချိန်တစ်နှစ်ပြည့်ထားတာမကြာသေးတဲ့ ကလေးတစ်ယောက်ကိုချီလာတဲ့ ကောင်လေးတစ်ယောက်ထိုလူငယ်ဆီကို ရောက်လာခဲ့သည်။

"jiငိုနေလို့တစ်ခါထဲခေါ်လာလိုက်တယ်"

"မင်းက ကလေးတောင်သေချာမထိန်းတတ်ဘူး jiကို ငါ့ဆီပေး"

သူ့လက်ထဲရောက်သွားတာနဲ့jisooအငိုတိတ်ကာ ၀ိုင်းစက်နေတဲ့မျက်၀န်းတွေနဲ့ သူကိုငေးကြည့်နေတော့ သူနူတ်ခမ်းထက်ကအလိုလိုပြုံးမိသည်။

"သူ့အဖေဆီရောက်သွားသလိုပဲ ချက်ချင်းအငိုတိတ်သွားတယ်"

"ငါ့ကသူအဖေပဲလေး"

"ဒါနဲ့ အကိုအမျိုသမီးကော အခြေအနေဘယ်လိုလဲ?"

"အခုထိ မသိသေးဘူး"

"အကို အမျိုးသမီး ဘာလေးမွေးမယ်တဲ့လဲ?"

"သမီးလေးတဲ့..jisooလေးအတွက် ညီမလေးတစ်ယောက်လောက်အဖော်ရတာပေါ့"

"ဒါဆို မိန်ကလေးပေါ့"

"အွန်"

"နာမည်ကော စဥ်စားပြီးပြီးလား?"

"jennie... kim jennie"

"jennie jisoo နှစ်ယောက်လုံးနာမည်ကလှတယ်"

"ဒါက ကလေးအမေနဲ့ ညီလေးနဲ့တူတူ တိုင်ပင်ပြီးပေးထားတာ အကိုလဲကြိုက်တော့ သမီးလေးကို jennieလိုပဲ ပေးဖြစ်လိုက်တာ"

နှစ်ယောက်သားစကားလက်စုံကျနေကြတုန်း မွေးခန်းထဲကနေ သူနာပြုတစ်ယောက်ထွက်လာကာ

"သမီးလေးမွေးပါ့တယ်...အမေကော ကလေးကော ဘေးကင်းပါတယ်"

သူနာပြုဆီကနေသတင်းကောင်းကြားရတော့ jisooကိုပွေ့ချီကာ 

"jiအတွက် ညီမလေးတစ်ယောက်ရပြီး"

jisooကိုခေါ်ကာjennieနဲ့ သူအမျိုးသမီးကို ကြည့်ဖို့ အခန်းထဲ၀င်လာကြသည်။မွေးခါစကလေးလေး jennieကိုတွေ့တော သူ၀မ်းသာကာအလိုလိုမျက်ရည်ကျလာမိသည်။

Means For YouWhere stories live. Discover now