"Jiအဆင်ပြေရဲ့လား?"
ညစာစားဖို့မဆင်းလာတာကြောင့် သူမအခန်းတံခါးခေါက်ကာလာခေါ်ပေးမဲ့ jisooဆီကဘာမှမကြားရတာကြောင့် သူမအခန်းတံခါးဖွင့်ကာဝင်လာခဲ့တော့ ကုတင်ပေါ်မှာ ကိုယ့်နည်းနည်းပူပြီးချွေးတွေနဲ့လှဲနေတဲ့jisooကိုသူမတွေ့တာကြောင့် သူမjisooကိုနိုးနေချင်ပေ။
"အမေ"
"jiအဆင်ပြေရဲ့လား?"
သူမအမေစကားကြောင့် သူကုတင်ပေါ်ကထထိုင်ရင် သူမကိုယ့်ကချွေးတွေကိုသုတ်ကာနေသည်။
"jiနေမကောင်းဘူးလား?"
"နေမကောင်းတာတော့မဟုတ်ဘူး။ခေါင်းတွေအရမ်းကိုက်နေတယ် အမေ"
"အဲဒါဆို အဝတ်အစားလှဲပြီးခဏလောက် ထပ်လှဲနေလိုက်။အမေဆန်ပြုတ်ပြုတ်ပြီး ဆေးယူပြီးပြန်လာခဲ့မယ်"
"ဟုတ်"
သူမအမေဆင်းသွားပြီးနောက် သူမချွေးတွေစိုနေတဲ့သူမအဝတ်ကိုလှဲကာ သူမနာရီကိုတစ်ချက်ကြည့်မိကာ jennieစာကြည့်တိုက်ကိုရောက်နေလောက်ပြီးထင်တဲ့အချိန်ကြောင့်သူမသက်ပြင်းတစ်ချက်ချမိသည်။
မနေ့ကလဲသူမ jennieနဲ့မတွေ့ဖြစ်ခဲ့သလို ဒီနေ့လဲသူမ jennieကိုထပ်မတွေ့ချင်သေးပေ။ဒါပေးမဲ့ သူမရင်ဘက်ကဘာလို့လေးလံနေသေးရတာလဲ?
___________________________________________
မနေ့ကသူမကို jisooလာကြိုခဲ့လားဆိုတာသူမသိချင်နေမိသည်။သူမဖုန်းလေးကိုကြည့်ရင် jisooကိုသူမ စာတိုလေးပို့ချင်နေမိပေးမဲ့ သူမတွန်းဆုတ်နေမိသည်။
ထိုအချိန်သူမထိုင်နေတဲ့ဘတ်စ်ကားဂိတ်ကိုရောက်လာတဲ့lisaကားကိုသူမတွေ့မိသည်။ကားပေါ်ကဆင်းလာကာlisaခြေလှမ်းတွေကလဲသူမဆီကိုလျှောက်လာမယ်ဆိုတာလဲသူမသိနေမိသည်။သူမဘေးနားမှာlisaဝင်ထိုင်ကာသူမကိုအပြုံးတစ်ခုနဲ့ကြည့်ရင်
"မနေ့ကညနေစာတူတူလို့ကျေးဇူးပါပဲjennie"
"niniလဲမနေ့ကအတွက်lisaကိုကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့တွေပိုရင်းနှီးလာတယ်လို့ ကျွန်တော်ခံစားမိတယ်။ဟုတ်တယ်မလားjennie"
"အွန်"
"ကျွန်တော်niniကိုပြောစရာရှိတယ်"
"jennie..?"