"Christmasနေ့မှာ မငိုရဘူးလေ..."
လက်ထဲကအထုတ်နှစ်ထုတ်အပြည့်နဲ သူမထိုင်နေတဲ့ ခုံတန်းလေးကိုရောက်လာတဲ့ကောင်မလေးကို သူမကြည့်မိသည်...
"ဘယ်သူလဲ?"
သူမမေးလိုက်ချိန် ထိုကောင်မလေးလက်ထဲက အထုတ်တွေကိုချရင် အိတ်ထဲကနေ လက်ကိုင်
ပုဝါတစ်ခုကို သူမကိုကမ်းပေးသည်.."မျက်ရည်တွေအရင်သုတ်လိုက်ပါ"
ထိုကောင်မလေးပြောမှ သူမပါးပြင်က မျက်ရည်တွေကို သတိရပြိး ကမ်းပေးတဲ့ လက်ကိုင်ပဝါကို မယူခဲ့ဘဲ ထိုကောင်မလေးကို ကျောခိုင်းမိကာ သူမအနွေးထည်လက်ကောက်ဝတ်နဲ့ မျက်ရည်တွေကို သုတ်မိသည်..
သူမကမ်းပေးတဲ့လက်ကိုင်ပုဝါကို မယူဘဲ သူမကို ကျောပေးကာ မျက်ရည်တွေသုတ်နေတဲ့ jennieဘေးမှာ သူမဝင်ထိုင်မိသည်..
"Christmasနေ့မှာငိုရင် ဆန်တာဖိုးဖိုးကြိးက သဘောကျမှာမဟုတ်ဘူး...သူကဒီနေ့မှာ လူတိုင်းကိုပျော်စေချင်တယ်လေ.."
"ဆန်တာက တစ်ကယ်မှမရှိတာ... ငယ်ငယ်က ကလေးပုံပြင်တွေထဲမှာပဲ အသက်ဝင်နေတာ.."
သူမနဲ့ကျောပေးရင် စကားပြောလာတဲ့ jennieကြောင့် သူမနူတ်ခမ်းထက်က အလိုလို ပြုံးမိသည်..
"သူရှိလို့ christmasဆိုတာရှိလာတာ...ဒီနေ့တည်ရှိမူဆိုတဲ့ သူလက်ဆောင်ကြောင့်
လူတွေပျော်နေကျတယ်..""လူတိုင်းတော့ မပျော်နိုင်ဘူး.."
"........?"
"ဆန်တာက အမေကို ပြန်ခေါ်ပေးနိုင်မှာ မဟုတ်ရင် niniအတွက်လဲပျော်ရွှင်မူဆိုတာ မရှိဘူး"
သူမကိုကျောခိုင်းပြိး ထိုင်နေတဲ့ကောင်မလေး စကားကြောင့် အမြဲပြုံးပျော်နေမိတဲ့ သူမ
နူတ်ခမ်းတစ်စုံက အပြုံးဆိုတာ ထူဆန်းစွာ ပျောက်ကွယ်နေမိသည်.."ပျော်ရွှင်မူဆိုတာ လူတစ်ယောက်ထဲ ပေးနိုင်တဲ့ အရာမဟုတ်ပါဘူး.."
သူမစကားကြားတော့သူမကို ကျောခိုင်းထားတဲ့ jennieကသူမဘက်ကိုလှည့်မိသည်..ထိုအခါတည်ငြိမ်နေတဲ့သူမအပြုံးတစ်ခုက ပြန်တောက်ပလာရင် jennieကို သူမပြုံးပြသည်..