🤴🏼2🤴🏼

13.9K 1.5K 54
                                    




အချစ်တခုမွေးဖွားခြင်းသည်
ရင်ခုန်လှိုက်မောစရာတွေ့ဆုံမှုတွေနဲ့
လှပသောခံစားချက်လေးများဖြစ်ပေါ်ကာ
တစ်ယောက်ကိုတယောက်သတိထားမိပြီး
လက်တွဲသွားရခြင်းဆိုပေမယ့်.....
Jeonကတော့ အချစ်ကို လူတစ်ယောက်၏
အသက်အားအကွက်ချလုပ်ကြံသတ်ဖြတ်ဖို့
ကြိုးပမ်းရင်းမှမွေးဖွားခဲ့ရသည်...။

"ခေါင်းဆောင်...သူအဲ့ဒီအခမ်းအနားကို
တက်မှာသေချာပါတယ်.....
ဒါပေမယ့်ထင်သလောက်တော့လွယ်မယ်မထင်ဘူး"

ဖြစ်နိုင်ပါ့မလား...လုပ်နိုင်ပါ့လား...မထင်ဘူး
ဒါတွေသည်သိပ်စိတ်ပျက်စရာကောင်းလှသော
စကားတွေ...။ကမ္ဘာပေါ်တွင်မဖြစ်နိုင်တာမျိုး
ဘာတခုမှမရှိ...။အလုပ်တခုကိုမလုပ်ရသေးဘဲ
အပျက်စကားပြောခြင်းသည်သေနတ်ပြောင်းဝ
အားနှဖူးတည့်တည့်တေ့ပစ်လောက်အောင်
ဒေါသထွက်စေပါသည်....။

"အဲ့တော့...ငါကအဲ့ခွေးကိုမသတ်ဘဲ
လွယ်မယ်မထင်နေတဲ့မင်းကို
အရင်ကိုသတ်ပေးရမှာလား"

ခေါင်းဆောင်Jeon........။

ရွှေအစစ်တွေကွပ်ထားသောထိုင်ခုံကြီးကြီး
တွင်ထိုင်ကာအကောင်းစားဝီစကီတခွက်ဖြင့်
ခြေထောက်တို့ကိုနောက်ထပ်ခုံတခုံပေါ်သို့
တင်ထားကာ အစေခံတယောက်ကဖိနပ်ချွတ်ပေးနေသည်။
ကြယ်သီးနှစ်လုံးလောက်သာတပ်ထားသော
Shirtအကျီ အနက်ရောင်တောက်တောက်သည်
ခေါင်းဆောင်Jeon၏ပြယုတ်တခုလို....။
ဘယ်ဘက်ရင်ဘက်က စကာ
လက်ချောင်းတွေအထိ လှပစွာတည်ရှိနေသော
တက်တူးတွေ.....နောက်သို့လှန်ဖြီးထားသော
ဆံပင်အနက်ရောင်တွေနဲ့.....စားပွဲခုံပေါ်တင်ထား
သောသေနတ်သည် အသက်ဝိညာဉ်အားလုံး
ဦးညွှတ်ကြရာနယ်မြေတွေပဲ.....။

"အခမ်းအနားက အိမ်ရှေ့စံမင်းသားရဲ့
မွေးနေ့ဖြစ်နေလို့ပါ...ခေါင်းဆောင်.
အစောင့်အကျပ်တွေကပုံမှန်ထပ်ပိုများပြီး
လုံခြုံရေးတွေလည်းတင်းကျပ်မှာပါ..."

ပထမဆုံးစကြားဖူးခဲ့တဲ့...."အိမ်ရှေ့စံမင်းသား"
ဆိုတဲ့ဝေါဟာရလေး.....။
ထူးထူးဆန်းဆန်း....။ပိုက်ဆံချမ်းသာဖို့ရယ်
အာဏာကြီးဖို့ရယ်...မကောင်းသောလောက
တွင်JeonJungkook လို့ဆိုတာနဲ့
အလိုအလျှောက်ဦးညွှတ်ဒူးထောက်ပီးသားဖြစ်
အောင် ခုတ်သင့်တာခုတ် ဖြတ်သင့်တာဖြတ်
မီးရှိူ့့သင့်တာရှို့ခဲ့ရင်း....အင်ပါယာသည်
ကြီးမားလာလိုက်တာ
ဘုရင်တွေ မင်းသားတွေကိုလည်းတခါမှမသိခဲ့
စိတ်မဝင်စားခဲ့...။ကိုယ့်ကမ္ဘာမှာတော့
ကိုယ်ကဘုရင်တပါးပဲကို....။

My Crown Prince 🤴🏼Where stories live. Discover now