🤴🏼10🤴🏼

10.2K 1.2K 125
                                    

"အိမ်ရှေ့စံကိုထပ်ပီးအားလုံးရှေ့မှာ
သေနတ်နဲ့ချိန်ခေါ်သွားခဲ့တဲ့Jeonကို
တနိုင်ငံလုံးကဒေါသထွက်ပြီး
အပူတပြင်းအင်နဲ့အားနဲ့ဖမ်းဖို့ကြိုးစားခဲ့တယ်..."

"တဖက်မှာလည်းဖမ်းဖို့ကြိုးစားနေတဲ့
အချိန် အိမ်တော်မှာလည်း
နေ့တိုင်းလိုလိုရန်ပွဲတွေဆက်တိုက်ပဲ...."

"JEonကသူဆောက်ခဲ့တဲ့ခြံဝန်းနဲ့အိမ်ကလေး
ပြီးသွားတဲ့အခါ အိမ်ရှေ့စံကိုအားလုံးထားခဲ့ပြီး
ထွက်သွားဖို့ညှိနှိုင်းခဲ့တယ်...
မင်းသားက လုံးဝလက်မခံခဲ့ဘူး....."

"အိမ်ရှေ့စံတစ်ယောက်အနေနဲ့
ဒါမျိုးလုပ်ဖို့ဆိုတာသိပ်ခက်မှာပေါ့Kim..."

"ကျတော်ကတော့အိမ်ရှေ့စံမဟုတ်လို့မသိဘူး..
ခေါ်နေတာပဲ လိုက်သွားလိုက်ရင်
ပီးနေတာကို....Jeonသက်သက်မဲ့စိတ်ပင်ပန်းအောင်"

တယောက်ကတယောက်ကို ထွက်သွားဖို့
ပြော တယောက်ကငြင်းဆန် ပြသနာပေါင်းစုံ
ကြားKimဘယ်လိုများနေထိုင်ခဲ့သလဲ။
တကယ်စိတ်ပင်ပန်းခဲ့မှာက Kimပဲဖြစ်ခဲ့ပါလိမ့်မည်။
.....

"နောက်ထပ် ရဲခေါ်တဲ့လုပ်ရပ်မျိုးထပ်မလုပ်တော့နဲ့နော်
မင်....ကိုယ်လုံးဝမကြိုက်ဘူး..."

သူထိုင်နေကျထိုင်ခုံအကြီးကြီးပေါ်တွင်ထိုင်
နေသောအိမ်ရှေ့စံသည် ခေါင်းလည်းမညိတ်
ခေါင်းလည်းမခါ...။

"နောက်တစ်ခါထပ်လုပ်ရင်ကိုယ်မင်းကို
ခွင့်လွှတ်မှာမဟုတ်တော့ဘူး...
ဒီတခါတော့ မင်းဝေဝါးသွားလို့ပဲလို့
ကိုယ်နားလည်ပေးလိုက်မယ်..."

"မင်းငါ့ကိုပြန်မလွှတ်တော့ဘူးလား
မင်း စိတ်ကျေနပ်တဲ့အထိလည်းငါနာကျင်ပေးခဲ့ပြီးပြီ"

"ကိုယ်မင်းကိုပြန်မလွှတ်တော့ဘူး
ကိုယ်ဆောက်နေတဲ့အိမ်နဲ့ခြံပီးနေပြီး
လမ်းကြောင်းတွေရှင်းရင်မင်းကိုယ်နဲ့လိုက်ခဲ့ရမှာ.."

"ရူးနေတာလား...."

"ကိုယ်အစထဲကပြောခဲ့သားပဲ...
ဒါခုမှ အထူးအဆန်းကိစ္စမဟုတ်ဘူး..."

"ငါနဲ့မင်းက ပေါင်းစပ်လို့ရတဲ့ဖြစ်တည်မှုတွေ
မဟုတ်ဘူးJeonJungkook...
ငါမင်းနဲ့အတူတူမနေနိုင်ဘူး..
နေလို့လည်းမရဘူး"

My Crown Prince 🤴🏼Where stories live. Discover now