🤴🏼9🤴🏼

10.3K 1.2K 94
                                    

အိမ်ရှေ့စံသည်နန်းတော်တခုလုံးအား
အမြင်မကြည်ကာအပြစ်တွေတောက်လျှောက်
မြင်နေသည်က ရက်အတော်ကြာပီ။
နန်းတော်ပြင်ထွက်ခဲ့ပြန်လည်း
အပြင်မှတွေ့ဆုံရသောသူများကို
မကျေမလည်ဆက်ဆံကာ
အရင်ကထက်ပြောဆိုဆက်ဆံရတာ
ပိုမိုခက်ခဲနေသည်။

"ငါဒီအချိန်ကျောင်းပြန်မှာကိုမင်းတို့ကို
ကြိုမပြောထားဘူးလား..."

"လမ်းကြောင်းကနည်းနည်းလေး
ရှုပ်နေလို့ပါ မင်းသား မိနစ်ပိုင်းလောက်
စောင့်ဆိုင်းပေးရင်တော့အဆင်ပြေနိုင်ပါတယ်"

"ငါကတခုခုလုပ်ဖို့ကိုစောင့်နေရမဲ့သူလား"

"စိုးရွံမိပါတယ်....."

"ထွက်သွားကြ."

ကားလမ်းရှင်းရှင်း မရှင်းရှင်းသိပ်အများကြီး
ဂရုစိုက်ခဲ့လေ့မရှိသောမင်းသားသည်
စိတ်မကြည်လင်စရာရှိနေတာသေချာနေပါသည်။
တော်ဝင်ကျောင်းတော်၏သီးသန့်ခန်းထဲတွင်
ထိုင်နေခဲ့ပြီး ခုရက်ပိုင်းတွေထဲအလိုလိုနေရင်း
ဒေါသထွက်နေရသော အဓိကအကြောင်းအရင်းသည်
စောင်တွေပေစွန်းသွားရသည့်ကိစ္စအပြင်တခြားမရှိ။
ပြန်တွေးမိတိုင်း တကိုယ်လုံးအငွေ့ပျံသွားတော့မလို
ရင်တုန်နေတုန်း။

အစောင့်တွေအားလုံးအပြင်မှာ
စောင့်နေရပြီး ကားလမ်းရှင်းကာ
နန်းတော်ထဲသို့တန်းတန်းမတ်မတ်ပြန်လို့ရမဲ့
အချိန်အားထိုင်စောင့်နေခဲ့သည်။

"ခဏကြာတဲ့အထိသူတို့ကိုဆက်နေခိုင်းရင်
ကိုယ်တော့ အသက်ရှုကျပ်သေတော့မှာပဲ...."

လောလောလတ်လတ်သူ့အကြောင်းတွေးနေတုန်း
ဗီရိုထဲမှအသက်လုရှုလျှက်ထွက်လာသော
လူကြောင့်သူထိုင်နေရာမှမတ်တပ်ထရပ်မိသည်အထိ။

"အဆင်ပြေရဲ့လား...မင် မျက်နှာလေးချောင်နေတယ်.."

"အပြင်မှာ အင်အားအပြည့်ဘဲ
မင်းဒီနေ့တော့ပြေးမလွှတ်ဘူး JeonJungkook"

"ပြေးမလွတ်မှာ ဘယ်သူလဲ ကြည့်ရအောင်...."

အမြဲတမ်းအလိုမကျဖြစ်နေတတ်သော
မျက်နှာလှလှလေးဟာ ဒီလူဆိုးအတွက်တော့
ဘယ်အချိန်မြင်ရမြင်ရအသဲယားစရာ။
ငါဒီနေ့တော့....စကားပဲပြောမှာ..လို့ကိုယ့်ကိုကိုယ်
ထိန်းကျောင်းရင်းလာတွေ့ခဲ့ပေမယ့်
တင်းမာနေသော တော်ဝင်မင်းသားလေး၏
မျက်နှာတော်လေးသည် စကားပြောရုံနဲ့
ဘယ်တုန်းကမှမတင်းတိမ်နိုင်ခဲ့ဖူးပါ..။
မတ်တပ်ရပ်နေသော အိမ်ရှေ့စံလေးဆီ
လျှောက်လှမ်းသွားကာနူတ်ခမ်းတွေအား
စတင်ထိတွေ့လိုက်သည်။
ထုံးစံအတိုင်းရုန်းကန်မယ် ထုရိုက်မယ်...
ဒီအဆင့်တွေအားလုံးပီးရင် လိမ်မာသွားမဲ့
မင်းသားလေးအကြောင်းသူသိခဲ့သည်။

My Crown Prince 🤴🏼Where stories live. Discover now