🤴🏼8🤴🏼

9.3K 1.2K 158
                                    

"ဒီအခန်းထဲမှာပဲနေ...လုံးဝအသံမထွက်နဲ့...."

Jeonသည်သော့ခတ်ထားသောအံဆွဲထဲမှ
သေနတ်အားထုတ်ကာနယ်ကျော်လာသူ
အုပ်စုအားအမြစ်ဖြတ်ရန်ပြင်ဆင်နေသည်။

သူအခန်းထဲမှထွက်မည့်ဆဲဆဲပြေးဝင်လာသော
လူသည် KimTaeHyung...။

"Jeonဒါငါပေါ့လျှော့လို့ဖြစ်တာသူတို့ခြေရာခံမိ
တာငါ့ကြောင့်ငါတာဝန်ယူပီးဖြေရှင်းပေးမယ်
မင်းထွက်မလာပါနဲ့...ငါဒီလောက်ကတော့လုပ်နိုင်
ပါတယ်...."

"ကိုယ် ထယ့် ကို စိတ်လိုက်မာန်ပါမလုပ်ဖို့
အတန်တန်သတိပေးခဲ့တာတွေကိုခုနားလည်ပီမလား"

"ငါတောင်းပန်ပါတယ်....."

"ကိုယ်ရယ် ထယ်ရယ် နေသန်ရယ်ပဲရှိတာ....
အတူတူဖြေရှင်းမှပဲရမယ်
ကိုယ်က ထယ့် ကို တစ်ယောက်ထဲရင်ဆိုင်ခိုင်းစရာလား"

ခေါင်းညိတ်ပြနေသောထယ်သည်လုပ်ချင်တာတွေ
လုပ်ပြီးတိုင်းထိုကဲ့သို့လည်းတုန်လှုပ်တတ်ပါသည်။

ထယ်ယောင်းမျက်လုံးတွေသည်Jeonဆီမှ
အိမ်ရှေ့စံဆီသို့ရွေ့လျားလာသည်။
တပုံစံထဲပါပဲ...JeonJungkook မျက်လုံးတွေအတိုင်း
အလှအရုပ်ကလေးကိုကြည့်ခဲ့သလို
သေးသေးနုတ်နုတ်ကြည့်ခဲ့တာ။
ဒီဒုစရိုက်ကောင်တွေဟာ တယောက်မှကိုအချိုးမပြေခဲ့
ကြပါ....။

........

"ပထမဆုံးအိမ်ရှေ့စံကိုသေသေချာချာကြည့်မိခဲ့တာပဲ
တော်တော်လေးချောတယ်...အရမ်းပြီးပြည့်စုံတဲ့
ယောကျ်ားတစ်ယောက်ဆိုတာ ကျတော်ငြင်းလို့
မရခဲ့ဘူး.....ကျတော်တို့သုံးယောက်ပဲရှိတဲ့
နေရာကို တဖက်လူတွေလာဝိုင်းလို့အနည်းနဲ့အများ
ပူပန်နေကြတဲ့အချိန် အိမ်ရှေ့စံက မသိသလိုပဲ...
သူ့မျက်နှာက ဘယ်လိုပြောရမလဲ...
တကယ် အသဲယားစရာကောင်းတယ်.... Hyung...
ကျတော်သူ့ကိုကြည့်လို့ကိုမရခဲ့ဘူး....."

Kimဟာအိမ်ရှေ့မင်းသားရဲ့အတိတ်ကမျက်နှာအား
ပြန်စဉ်းစားဟန်ပြုပြီးစကားကိုဆက်သည်။

.......

အိမ်ရှေ့စံရဲ့အခန်း
တံခါးအားသော့ခပ်ခဲ့ပြီးတဲ့နောက်ခြံဝန်း
ထဲအထိကျူးကျော်လာကာသွေးတိုးစမ်းချင်
သူများဆီသို့ သုံးယောက်လုံးပြေးဝင်သွား
ခဲ့ကြသည်။

My Crown Prince 🤴🏼Where stories live. Discover now