Chapter 2

1K 159 3
                                    

Unicode

အဖွဲ့ဝင်တွေက စိတ်ရှုပ်ထွေးပြီး အချင်းချင်းကြောင်ကြည့်နေမိကြသည်။

ကျောက်ဖုန်းကပို၍သက်သောင့်သက်သာဖြစ်သည့် အနေအထားနဲ့ထိုင်လိုက်ပြီး ဖြေးဖြေးချင်းပြောလာသည်။

"ငါမင်းတို့ကို ဒီအခြေအနေနဲ့ပတ်သတ်ပြီး ကြိုသိအောင် အကုန်ပြောပြထားမယ်။မင်းတို့ရှင်းရှင်းလင်းလင်းသိထားမှ သူ့ကိုဒီကိစ္စတွေသွားမပြောမိမှာ။"

"ပရော်ဖက်ရှင်နယ်ကစားသမားဘဝမစခင် သူ့ကျောင်းမှာထဲက အခြေအနေအတော်လေးကောင်းခဲ့တယ်။သူဒီpro gamerတစ်ယောက်ဖြစ်မယ့်လမ်းကြောင်းကိုမလိုက်ချင်ဘူး။အဲ့တော့ သူရံဖန်ရံခါ Liveလွှင့်ပြီးကစားပြတတ်ရှိတယ်။ သူ့မိသားစုကတော့ ဒါကိုသေချာပေါက်သဘောမတူခဲ့ဘူးပေါ့။"

"ရှစ်လော့က အခုထိကိုသူ့မိသားစုနဲ့အဆက်အသွယ်မလုပ်ဘူး။သူ့မိသားစုကို လုံးဝအဆက်ဖြတ်လိုက်ပြီလားဆိုတာကတော့ တစ်ယောက်မှလည်း မသိကြသလို မေးလည်းမမေးကြဘူးလေ။"

"အဲ့ဒီအချိန်တွေတုန်းက ရှစ်လော့ရဲ့ Live broadcastတွေက အရမ်းလည်းpopularဖြစ်ခဲ့တာ။သူ့rankကလည်းတရုတ်serverတွေမှာအတော်လေးမြင့်တယ်။မကြာခင်မှာပဲ clubတော်တော်များများက သူ့ကိုသတိထားမိသွားကြတယ်။ရှစ်လော့က အဲ့ဒီအချိန်တုန်းက medicနေရာကကစားနေတုန်းပဲ။တော်တဲ့ medicတွေကအမြဲရှားပါးတယ်လေ။ငါတို့အပါအဝင် သူ့ကို clubအများအပြားက ဆက်သွယ်ခဲ့ကြပေမယ့် သူကအားလုံးကိုငြင်းပယ်ခဲ့တယ်။အဲ့ဒီအချိန်တုန်းက သူငါ့ကို ပရော်ဖက်ရှင်နယ်ကစားသမားအနေနဲ့ မကစားချင်ဘူးလို့ပြောခဲ့တယ်။ပြီးတော့ ဘာကြောင့်မှန်းမသိ Whisperရဲ့ အဖွဲ့ထဲကိုကျတော့ ဝင်လိုက်တယ်လေ။"

"အဲ့တာကြောင့်ပဲ clubတွေကသူ့ကို စိတ်ဆိုးကုန်ကြတယ်။သူပဲ ငါတို့ကိုအချိန်ဖြုန်းမနေနဲ့ သူဘယ်တော့မှ ပရော်ဖက်ရှင်နယ်ကစားသမားအနေနဲ့ကစားမှာမဟုတ်ဘူးလို့ပြောခဲ့ပြီး Whisperရဲ့အသင်းကိုကျ ဝင်လိုက်တဲ့လား,huhh.."

"အဲ့ဒီနောက်မှာဘာတွေဖြစ်သွားလဲဆိုတာ မင်းတို့အားလုံးသိပါတယ်။ယွီဆွေ့ သူဘာတွေဖြစ်သွားလဲမသိပါဘူး။ပြည်တွင်းလိဂ်ကိုပုန်ကန်တယ်။ပြီးတော့ သူ့အသင်းသားတွေခေါ်ပြီး ပြည်ပကိုထွက်သွားခဲ့တယ်။အဲ့ဒီလုပ်ရပ်ကပဲ သူ့ရဲ့ကျော်ကြားမှုကို လျော့ကျသွားစေခဲ့တာ။"

FOG[电竞] Myanmar TranslationWhere stories live. Discover now