Chapter 11

652 106 8
                                    

Unicode

ကျိယန်ဟန်က ယွီဆွေ့ရဲ့အာရုံကြောကို ဒီနေ့ အကြိမ်ပေါင်းများစွာသွားဆွခဲ့ပြီးပြီ။ သူနားမလည်ရင်တောင်မှ မေးဖို့မဝံရဲပေ။ သူအချိန်ဇယားကို လျင်လျင်မြန်မြန်ပို့လိုက်ပြီး သက်ပြင်းချလိုက်တယ်။ "ဂျစ်တိုက်တတ်တဲ့ စိတ်အပိုင်းအခြားကို ဖြတ်ကျော်ဖို့နည်းနည်း နောက်ကျလွန်းနေပြီမဟုတ်လား"

အဲ့လိုနဲ့ ယွီဆွေ့ခမျာ သူအရှက်ကွဲလို့ကွဲမှန်းတောင်မသိလိုက်ပါပဲ ကွဲသွားရရှာတယ်။ နှစ်ဆယ့်လေးနာရီလုံးလုံးကြာမှသာ သူရှစ်လော့ကို WeChatမှာ addလို့ရဖို့အတွက် nickname ပြောင်းထားမိတာကို သတိရတော့တယ်။

သူ ပြန်ပြောင်းနေရင် ရှစ်လော့ဆီမှာ ဖော်ထုတ်ခံရမှာဆိုးလို့ ပြောင်းဖို့ကိုလက်လျှော့ပြီး ဒီအတိုင်းပဲထားလိုက်ရတယ်။

ဒီလိုဖြစ်ရပ်မျိုး ယွီဆွေ့ဆီကဖြစ်လာတာက အလွန်ထူးဆန်းပေတယ်။ ဒါပေမဲ့ ဒီလောကထဲက သူ့သူငယ်ချင်းတွေက သူ့ကိုမေးမြန်းကြည့်ဖို့လည်း မဝံ့ရဲကြပေ။ ယွီဆွေ့မှာ ရှင်းပြစရာနည်းလမ်းမရှိဘူး။ သူ ဒေါသတွေကိုမြိုသိပ်ပြီး ဒီအိုးကိုရွက်ထားဖို့ပဲရှိတယ်။

"မနက်ဖြန် ရာသီအသစ်ထပ်စလိမ့်မယ် အဲ့တော့ ငါတို့ရဲ့ စိတ်ခွန်အားကို မြှင့်တင်ကြရအောင်"

အသင်းရဲ့မန်နေဂျာက သူ့မြို့ကိုပြန်သွားတယ်။ ကလပ်ပိုင်ရှင်ဖြစ်တဲ့ ကျိယန်ဟန်ကလည်း လက်လွတ်စပယ်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ယွီဆွေ့က bannerကို ကိုင်ဆောင်ကာ အဖွင့်ပွဲစဉ်မတိုင်ခင် စိတ်ဓာတ် လှုံ့ဆော်တဲ့အစည်းအဝေးကို ပြုလုပ်ပေးရမှာ အသေအချာပင်။

Bossနဲ့မန်နေဂျာက ပျက်ကွက်တယ်။ အသင်းစားတွေကလည်း စိတ်လွင့်နေကြပြီး အစည်းအဝေးအချိန်အတွင်း သူတို့ရဲ့ဖုန်းများကိုဖွင့်ကာ အသုံးပြုနေကြတယ်။ ယွီဆွေ့ ကိုယ်တိုင်ကလည်း စိတ်ပါမနေဘူး။ သူအခုလေးတင်ပဲ အစည်းအဝေးစထားတာဖြစ်ပေမဲ့ စိတ်မရှည်မှုများဖြစ်ပေါ်လာနှင့်ပြီ။ "ပုံမှန်ရာသီက ချက်ချင်းစတင်တော့မှာ ၊ ငါတို့ကောင်းကောင်းကစားနိုင်ရင် ဘောက်စူးရမယ် ၊ မဟုတ်ရင်တော့ onlineပေါ်မှာ သရော်ခံရမယ် ဒါပဲ အစည်းအဝေးတန်းဖြုတ်"

FOG[电竞] Myanmar TranslationWhere stories live. Discover now