Chapter7

699 145 13
                                    

Unicode

ညပိုင်းရှစ်နာရီအချိန်လောက်၌ NSNမကြာခဏပျော်ပွဲရွှင်ပွဲကျင်းပလေ့ရှိတဲ့ ကလပ်တစ်ခုရဲ့အပေါ်ဆုံးအလွှာရှိ သီးသန့်အခန်းထဲသို့ အင်တာနက်စွဲလေ့ရှိသည့်အရွယ် ဆယ်ကျော်သက်လူငယ်များ နှစ်ယောက်တွဲ၊သုံးယောက်တွဲဝင်ရောက်လာကြတယ်။သူတို့က အခုလေးတင်ဟော့ပေါ့သောက်ခဲ့ကြတာမလို့ အစာဆိပ်တတ်၍ဆိုဖာပေါ်မှာ လှဲလျောင်းလိုက်ကြတယ်။

ယွီဆွေ့က တရုတ်ကိုပြန်ရောက်လာခဲ့ပြီ။သူကတိုးတိုးတိတ်တိတ်သာပြန်လာခဲ့တာမလို့ သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ကြတဲ့pro-playerတွေတောင် သတင်းမပေါက်ကြားခင်အထိဘယ်သူမှသိခဲ့​ခြင်းမရှိဘူး။ဒါကြောင့်ချန်ဟော်ပြန်ရောက်လာတာနဲ့အတူတူအခွင့်အကောင်းယူပြီး သူတို့နှစ်ယောက်စလုံးအတွက်ကြိုဆိုပွဲလုပ်ပေးလိုက်တာဖြစ်တယ်။

"အိုး...."ချန်ဟော် သူ့ရဲ့ခြေထောက်အား စိတ်ကျေနပ်စွာနဲ့ပြားနေအောင်ဆန့်ထုတ်လိုက်တယ်။ "ငါအဲ့ဒီဟော့ပေါ့စားရဖို့ကိုအကြာကြီးစိတ်ကူးယဉ်ခဲ့ရတာ။အဲ့တာကအတော်ကောင်းတယ်။ဟေး..မင်းတို့တွေအားလုံးဘာအတွက်နေရခက်တဲ့ပုံပေါက်နေကြတာလဲ။လာပါ သီချင်းဆိုကြ...."

ယွီယန်၊ကုဂန်နဲ့ တခြားလူလတ်ပိုင်းတွေအကုန်လုံးက သူ့တို့ရဲ့ဖုန်းကိုသာကစားနေကြတယ်။ဘယ်သူကမှ ချန်ဟော်ပူညံပူညံလုပ်နေတာကို ဂရုမထားကြဘူး။ Wawaတို့ရှင်းရန်တို့နဲ့တခြားလူသစ်ကလေးတွေကတော့ ကြီးမြတ်တဲ့နတ်ဘုရားတွေတစ်စုတစ်စည်းအတူရှိနေကြတာကိုကြည့်ရင်း သက်သောင့်သက်သာမနေရဲကြပေ။သီချင်းဆိုရမှာကို ရှက်လွန်းနေကြတာမလို့ သူတို့တွေတွန့်ဆုတ်ကာလူစုပြီးဆက်သာသောက်နေလိုက်ကြတယ်။ချန်ဟော်ကတော့ ထရပ်ပြီးဒါဇင်နဲ့ချီတဲ့သီချင်းတွေကိုထည့်လိုက်တယ်။ပြီးနောက် မိုက်ကိုWawaရဲ့ရင်ဘတ်ဆီတွန်းပေးလိုက်ပြီး ဆာဗာကနေတစ်ဆင့်ဘီယာနဲ့အစာပြေမုန့်တွေမှာလိုက်တယ်။အဲ့တာတွေအကုန်လုပ်ပြီးမှပဲ သူဆိုဖာပေါ်ပြန်ထိုင်လိုက်တော့တယ်။

ချန်ဟော်အခန်းတစ်ခန်းလုံးကိုဝေ့ကြည့်လိုက်ပြီးသက်ပြင်းချလိုက်တယ်။

FOG[电竞] Myanmar TranslationWhere stories live. Discover now