Chapter 18

713 132 6
                                    

Unicode

ကားထဲမှာရှိတဲ့ ယွီဆွေ့က Puppyရဲ့ဖုန်းကိုကိုင်ထားတယ်။

Puppyရဲ့ဖုန်းထဲမှာ ရှစ်လော့ကို "Luo"ဆိုတဲ့နာမည်နဲ့ မှတ်ထားတုန်းပဲ။

လိဂ်မှာစတင်ပြီးစာရင်းပေးခဲ့တဲ့ ရှစ်လော့ရဲ့IDပေါ့။

ရှစ်လော့က replyမပြန်ခဲ့ဘူး။ ယွီဆွေ့ ဖုန်းကိုPuppyဆီပြန်ပေးလိုက်ပြီး သူ့မျက်လုံးတွေကိုမှိတ်လျက် ဆက်အိပ်နေလိုက်တယ်။

"ယွီဆွေ့..." Puppyကသူ့ရဲ့ဖုန်းကိုကြည့်ပြီး တုန့်ဆိုင်းသွားတယ်။ "သူ ငါတို့အသင်းကိုလာမယ်ဆိုတာကြေငြာတဲ့အချိန် ဖိုရမ်တွေကပေါက်ကွဲကုန်ကြမှာကို ရှစ်လော့ကိုယ်တိုင်တောင်သိတယ် ၊ မင်း..."

ယွီဆွေ့က မျက်လုံးမှိတ်ထားလျက်ပင်ပြုံးလိုက်တယ်။ "ဖိုရမ်တွေမပေါက်ကွဲအောင် ငါဘာလုပ်ရမလဲ"

Puppyက အကူအညီမဲ့သွားပြီးဆက်ဆိုတယ်။ "အဲ့တာကလိုလို့လား ၊ ဒီဂိမ်းကstrikerတွေ ပြည့်လျှံနေတာကို ၊ သူ့လောက်မတော်ဘူးဆိုရင်တောင် ကစားသမားကောင်းတွေတစ်ပုံကြီးရှိပါတယ်ကွာ ၊ ချန်ဟော်နဲ့ပူးပေါင်းဖို့လိုလားတဲ့တစ်ယောက်ကိုရှာမယ်ဆိုရင် အဲ့တာကငါတို့အတွက်သင့်တော်တဲ့ရွေးချယ်မှုဖြစ်မှာပဲ ၊ ရှစ်လော့လာမယ်ဆို သူချန်ဟော်နဲ့ ခဏခဏရန်ဖြစ်မှာသေချာတယ် ၊ ဒါပေမဲ့ အဲ့အချက်ကိုဘေးပို့ထားမယ်ဆိုရင်တောင် တခြားဒုက္ခများမယ့်ကိစ္စတွေအများကြီးရှိသေးတယ် ၊ ရှစ်လော့ရဲ့fanတချို့က ငါတို့ရဲ့baseကိုလာပြီး ငါတို့ကိုအဆိပ်ခတ်နေမှာကိုတောင် ငါသံသယဝင်မိနေပြီ ၊ ဒီလိုဒုက္ခများမယ့်ကိစ္စကို မင်းတကယ်ကြီးဖိတ်ခေါ်ချင်တာလား..."

Puppyကနောက်ကျမှပြန်ရောက်လာတာဖြစ်ပြီး မနေ့ညကclubမှာဖြစ်ခဲ့တဲ့ အလောင်းအစားအကြောင်းကိုမသိခဲ့ဘူး။ ယွီဆွေ့ကလည်း အဲ့အကြောင်းကိုပြန်မပြောချင်။ သူဒါလေးပဲပြောလိုက်တယ်။ "ဘာဒုက္ခမှမရှိပါဘူး ၊ ပြီးတော့ ငါကအခြေအမြစ်မရှိ စကားများမယ့်ကိစ္စကိုရှာနေတာမျိုးလည်းမဟုတ်ဘူး ၊ သူသာပြန်မလာချင်ဘူးဆိုရင် ငါသူ့ကိုထပ်ပြီးနှောင့်ယှက်မှာမဟုတ်ဘူး"

FOG[电竞] Myanmar TranslationWhere stories live. Discover now