Chapter 10

701 131 20
                                    

Unicode

ရှစ်လော့ကိုအရိုအသေပေးဖို့အတွက် စောင့်ဆိုင်းနေပြီး ငြင်းပယ်ခံလိုက်ရတဲ့အသိပေးစာကို ယွီဆွေ့မြင်လိုက်ရတဲ့အချိန်မှာတော့ သူဘယ်လိုတုန့်ပြန်ရမှန်းတောင် မသိဘူးဖြစ်သွားတယ်။

သူကငြင်းပယ်လိုက်တာလား။

ယွီဆွေ့ရဲ့ friend requestက တစ်ယောက်ယောက်ဆီကနေ ငြင်းပယ်မခံရတာအတော်လေးကြာနေပြီ။

ယွီဆွေ့ သူရဲ့ငြင်းပယ်ခြင်းခံလိုက်ရတဲ့ friend requestလေးကိုကြည့်လိုက်ပြီး သူ့စိတ်ကိုသူလေးလေးနက်နက်ပြင်ဆင်လိုက်တယ်။ ငါလွမ်းနာကျနေတဲ့ပုံစံလုပ်တာ မပီပြင်သေးလို့လား။

ယွီဆွေ့  Live broadcast roomထဲက ရှစ်လော့ရဲ့ ကမြူကလူနဲ့မာနကြီးသည့်အသွင်အပြင်ကို ကြည့်လိုက်ပြီး သူ့နည်းလမ်းကအလွန်ကိုရှေးရိုးဆန်လို့ဖြစ်မယ်လို့ ခံစားလိုက်ရတယ်။ ဒီအထက်တန်းဆန်တဲ့ ကောင်စုတ်လေးအတွက် သူကအလုံအလောက်မကောင်းမွန်သေးတာကြောင့်ဖြစ်လိမ့်မယ်။

ယွီဆွေ့က အရိုအသေမဲ့စွာဆက်ဆံခံရတာကို မုန်းတယ်။ သူဒီအကြောင်းအရာကြောင့် ဆက်ပြီးစိတ်အနှောင့်အယှက်မဖြစ်ချင်တော့ဘူး။ သို့ပေမဲ့ သူတို့ကျောင်းတတ်နေတဲ့အချိန်တွေတုန်းက ခဲဟောက်ရဲ့သူ့အပေါ် ဂရုစိုက်ပေးခဲ့တာတွေနဲ့ ညှာတာထောက်ထားပေးခဲ့တာတွေကို ပြန်စဉ်းစားမိသွားတယ်။ ပြီးတော့ အခုသာသူလက်လျှော့လိုက်တော့မယ်ဆိုရင် ဒီတစ်ညလုံးခဲရာခဲဆစ်ကြိုးစားခဲ့တာတွေက အလဟဿဖြစ်သွားမှာပေါ့။

သူ အံကိုကြိတ်ကာ nicknameပြောင်းပြီး ရှစ်လော့ဆီကို နောက်ထပ် friend requestတစ်ခုထပ်ပို့ဖို့တွေးလိုက်တယ်။

ယွီဆွေ့ သူ့ရဲ့အတွေ့အကြုံအပေါ်မူတည်ပြီး မှန်းဆချက်တစ်ခုပြုလုပ်လိုက်တယ်။ ရှစ်လော့လိုမျိုး နားတစ်ဝိုက်မှာ အကွင်းတွေသုံးကွင်းရှိတဲ့ ကောင်လေးမျိုးက အတော်လေးဆိုးရွားခက်ခဲတဲ့ အရာတွေကိုဖြတ်ကျော်ခဲ့ရလောက်တယ်။သူ့(ရှစ်လော့) အတွက်တော့ သူဖြတ်ကျော်ခဲ့ရတဲ့အရာတွေလောက် ဆိုးရွားကြမ်းတမ်းမှပဲခေါင်းထဲထည့်စဉ်းစားမယ်ထင်တယ်။ သူနှစ်ဆလောက် ထပ်တိုးပြီး အားစိုက်ထုတ်ဖို့လိုအပ်နေပြီ။

FOG[电竞] Myanmar TranslationWhere stories live. Discover now