Chapter 13

627 113 6
                                    

Unicode

ယွီဆွေ့က ရှစ်လော့ရဲ့မိသားစုရေးရာနဲ့ပတ်သတ်ပြီး စိတ်စနိုးစနောင့်ဖြစ်ခဲ့တောင် သူက ရှစ်လော့ကို သူတို့အကြောင်း တစ်ခါမှမေးမြန်းခဲ့ခြင်းမရှိဘူး။

ယခင်တစ်ခါက အခြေအနေအပေါ်လိုက်ပြီး အကဲဖြတ်ရရင် မျက်စိပါတဲ့သူတိုင်းဟာ ရှစ်လော့ရဲ့မိသားစုဆက်ဆံရေးက အလွန်ရှုပ်ထွေးတယ်ဆိုတာကို မြင်တွေ့နိုင်ပေတယ်။ ယွီဆွေ့က လူတွေကို သူတို့ရဲ့ပြဿနာတွေအထိပါ ကောင်းကောင်းကူညီပေးတတ်သူမဟုတ် ၊ ပြီးတော့ သူကိုယ်တိုင်ကလည်း အခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို လိုက်ကလော်မထုတ်ချင်ဘူး။ ဖက်ထုပ်ဆိုင်ကိုမတွေ့ခင်အထိ ယွီဆွေ့ကရှစ်လော့နဲ့အတူ 10kmလောက် ကားမောင်းခဲ့ရတဲ့ ၊ အဲ့တစ်နေ့မတိုင်ခင်အထိပေါ့။

ယွီဆွေ့မှာသိချင်စိတ်ကိုမထိန်းနိုင်တော့တဲ့အဆုံးမေးလိုက်တော့တယ်။ "ငါတို့အလယ်တန်းတုန်းကဆို ခဲဟောက်ကဘောစိပဲ ဒါကို ဘာလို့...."

မင်းရဲ့အခြေအနေကတော့ ဘာလို့အဲ့လောက်သနားစရာကောင်းခဲ့ရတာလဲ ၊ မင်း မနက်တိုင်း မနက်စာမစားရရင်တောင် မသက်မသာခံစားရရဲ့လား။

"ခေါင်းဆောင် ၊ အကို့ရဲ့ဆွေမျိုးတွေထဲမှာ ရှိလား...." ရှစ်လော့ရဲ့လျှာက ဖက်ထုပ်ပြုတ်ကြောင့် အပူလောင်သွားတယ်။ သူ လျှာကိုအေးသွားအောင် ခပ်သွက်သွက်ပဲ လေတချို့စုပ်ယူလိုက်တယ်။ "ပေပေတေတေနေတဲ့သူရှိလား ဒါမှမဟုတ် တော်တော်ကြီးကိုပေပေတေတေနေတဲ့သူရှိလား?"

ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက် ယွီဆွေ့ခေါင်းငြိမ့်ပြလိုက်တယ်။

ရှစ်လော့က ပြောလိုက်တယ်။ "ကျွန်တော်နဲ့နီးတဲ့ မိသားစုဝင်တွေအားလုံးထဲမှာတော့ ကျွန်တော့်အဖေကအပေအတေအဖြစ်ဆုံးပဲ"

"သူက ငယ်ငယ်လေးကတည်းက မိုက်မဲပြီးလူဖျင်းတစ်ယောက်ဖြစ်ခဲ့တာ ၊ သူကြီးပျင်းလာတဲ့အချိန်မှာတော့ စပြီးဒေါနဲ့မောနဲ့ရမ်းကားတတ်လာတယ် ၊ သူ့ရဲ့သမီးရည်းစားတွေအကုန်လုံးကလည်း ကမောက်ကမတွေနဲ့ ၊ သူ့ရဲ့လက်ထပ်မယ့်ဆုံးဖြတ်ချက်ကလည်း စိတ်လိုက်မာန်ပါဆုံးဖြတ်ခဲ့တာပဲ ၊ ပြီးတော့ လက်ထက်ပြီးတဲ့နောက်မှာ သူက ဘာတာဝန်ဝတ္တရားကိုမှ မသယ်ပိုးချင်ခဲ့ဘူးလေ ၊ ကျွန်တော့်အဖိုး သူ့အတွက်စီစဉ်ပေးခဲ့တဲ့နေရာမှာ သူကအလုပ်တစ်စက်တောင်မလုပ်ပဲ အခွင့်ထူးတွေအားလုံးကိုခံစားခဲ့ရတယ် ၊ နောက်ပြီး သူက မြန်မြန်ကြီးပွားချင်တဲ့အကြံအစည်နဲ့ အလောင်းအစားလုပ်ဖို့ဆိုပြီး ရန်ပုံငွေတွေကိုလည်း ခိုးခဲ့သေးတယ်...."

FOG[电竞] Myanmar TranslationWhere stories live. Discover now