3. school boys

1.7K 343 12
                                    

(U)

'' ဘာလိုလိုနဲ့ ငါတို့တောင်ဆယ်ကျော်သက်အရွယ်ကို ရောက်လာပြီပဲ အချိန်တွေကကုန်တာမြန်တယ်နော် Baekhyun ''

'' လူကြီးစကားတွေပြောပြန်ပြီ ! အခုမှဆယ်နှစ်ပြည့်ပြီး ဆယ့်တစ်နှစ်ပဲရှိသေးတာကို အာချောင်ပြန်ပြီ ''

Baekhyun ကဒန်းစီးနေရင်း လက်ထဲကရေခဲချောင်းကို အဆက်မပြတ်ကိုက်စားနေလေသည်။ Chanyeol ကတော့ Baekhyun စီးနေသည့်ဒန်းကို လွှဲပေးနေရသည်။

'' Baekhyun ya ~ ငါတို့တွေလူဖြစ်ဖို့ ၇ နှစ်ပဲလိုတော့တယ်ကွ ''

'' အဲ့ဒါ ဘာကိုဆိုလိုတာလဲ? ''

'' မင်းကလည်း တုံးလိုက်တာ၊ ဆယ့်ရှစ်နှစ်ပြည့်ရင် လူဖြစ်ပြီလေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လို့ရပြီ ''

'' နေပါဦး မင်းကိုဒီစကားတွေ ဘယ်သူသင်ပေးတာလဲ? ''

'' ဟဲဟဲ MinJun သင်ပေးတာ ''

Baekhyun ကနှာခေါင်းရှုံ့လိုက်ပြီး Chanyeol ရဲ့မျက်နှာကို သေချာကြည့်နေသည်။

အခုတလော Chanyeol ရဲ့ပုံစံသည် သိပ်ကိုလူကြီးဖြစ်ချင်လွန်းနေသည်။' ငါတို့က ကလေးမှမဟုတ်တော့တာ ' ဟူသောစကားကိုလည်း ခဏခဏပြောသည်။

ကျောင်းမှာဆိုရင်လည်း ငယ်ငယ်တုန်းကလို သိပ်မဆော့တော့၊၊ စတိုင်မလိုင်အပြည့်နဲ့သာ အချိန်ပြည့်ထိုင်နေတတ်ပြီး ရယ်ရင်တောင် အရင်တုန်းကလို အားရပါးရမရယ်ဘဲ ပါးစပ်ပိတ်ပြီးရယ်တတ်သည်။

အထူးသဖြင့် ကောင်မလေးတွေရှေ့ကိုရောက်ရင် ဆံပင်ကိုခဏခဏသပ်တင်သည်။

အိမ်မှာနေလျှင်သာ ရေမချိုးတာ၊ ကျောင်းသွားခါနီး ရေချိုးရင် မိနစ်လေးဆယ်တိတိကြာသည်။ အဝတ်အစားရွေးတာ ငါးမိနစ်တိတိကြာသည်။ မှန်ရှေ့မှာရပ်လိုက်၊လမ်းလျှောက်လိုက်၊ ရယ်လိုက်၊ပြုံးလိုက်၊စကားပြောလိုက်လုပ်နေတာ ဆယ့်ငါးမိနစ်လောက်ကို ကြာသည်။

body ကိုပြင်ဆင်နေတာ တစ်နာရီလောက်ကြာသော်လည်းလွယ်အိတ်ထဲကိုစာအုပ်တွေထည့်တာကတော့ တစ်မိနစ်တောင်မပြည့်။စာရေးစားပွဲပေါ်ကတွေ့သမျှစာအုပ်ကို လွယ်အိတ်ထဲအကုန်ထည့်လာသည်။

Childhood Crush [COMPLETED] Where stories live. Discover now