5. back to university

1.5K 323 19
                                    

(U)

အထက်တန်းနောက်ဆုံးနှစ်က အောင်စာရင်းတွေ ထွက်မည့်နေ့ဖြစ်တာကြောင့် Baekhyun စိတ်လှုပ်ရှားနေသည်။

အကောင်းဆုံးကြိုးစားဖြေခဲ့တာကြောင့် ရလဒ်ကောင်းတစ်ခုရမည်ဟုလည်း သူယုံကြည်သည်။ပြီးတော့ Chanyeol နဲ့ကတိပေးထားသည့်အတိုင်း နှစ်ယောက်လုံး တရားသူကြီးဖြစ်အောင်လုပ်မည်ဟုလည်း ဆုံးဖြတ်ထားသည်။

နံနက်စာစားတာတောင် မျိုမကျ၊
ထွက်လာမည့် result အတွက် အရမ်းစိတ်လှုပ်ရှားနေသည်။

တစ်ဖက်အိမ်ကBaekhyun ကတက်ကြွနေသလောက် ဘေးအိမ်က Chanyeol ကတော့ အခုထိအိပ်ရာကနေမထသေးပေ။

Chanyeol ကတော့ မနက်ကိုးနာရီမှာအိပ်ယာကနိုးလျှင်တောင် ချက်ချင်းမထသေးဘဲ ဇိမ်ယူနေသေးကာ အိပ်ယာပေါ်မှာဟိုလှိမ့်ဒီလှိမ့်လုပ်နေတတ်သည်။ ပြီးရင် ရောက်တတ်ရာရာအကြောင်းတွေတွေးကာ စိတ်ကူးနေတတ်သည်။

မနက်ဆယ်နာရီလောက်မှ အိပ်ယာကလူးလိမ့်ထကာ ရေမိုးချိုးပြီး မနက်စာနဲ့နေ့လည်စာပေါင်းစားရသည့် Chanyeol ၏ တက္ကသိုလ်မတက်ရသေးသည့် ပုံမှန်နေ့ရက်များပင်။

....

result ထွက်လာသည့်အခါ အမှတ်များများနဲ့အောင်သော Baekhyun ကို Chanyeol ကစိတ်ရင်းနဲ့ဂုဏ်ပြုပေးသလို အမှတ်မများသည့် Chanyeol ကိုBaekhyun က နှစ်သိမ့်ပေးသည်။

Chanyeol ရဲ့အမှတ်နဲ့ပတ်သက်ပြီး မိဘတွေကဆူတိုင်း Chanyeol ရဲ့ရင်ဖွင့်ရာ၊ Chanyeol ရဲ့တိုင်ပင်ရာ Chanyeol ရဲ့တစ်ဦးတည်းသော လူသားဒိုင်ယာရီလေးမှာ Chanyeol ဖြစ်သည်။

'' နောက်ဆုံးတော့ မင်းလုပ်ချင်တဲ့တရားသူကြီးဖြစ်အောင် ကြိုးစားခွင့်ရပြီပေါ့ Baekhyunee ''

'' အမှတ်က အဓိကမကျပါဘူး၊ အထက်တန်းတုန်းက အမှတ်အများကြီးနဲ့အောင်လည်း တက္ကသိုလ်မှာ ပထမနှစ်မှာတင် ရပ်နေတဲ့သူတွေ တပုံကြီး ''

Chanyeol က Baekhyun ရဲ့စကားကိုနားထောင်နေရင်း ရယ်တော့လေသည်။Chanyeol ရယ်ရင် ဘယ်တော့မှ ရိုးရိုးတန်းတန်းရယ်လေ့မရှိ အနားမှာရှိနေတဲ့လူတစ်ယောက်ကို ရိုက်ရိုက်ပြီးတော့ကို ရယ်တတ်သည်၊

'' Baekhyun မင်းကလေ တစ်ကယ့်ကိုအဖိုးအိုပေါက်စလေးလိုပဲ ''

'' ဒီဂယ်... ''

Childhood Crush [COMPLETED] Where stories live. Discover now