8. until the last second

2.8K 348 31
                                    

(U)

Chanyeol နဲ့ Baekhyun ချစ်သူတွေဖြစ်သွားပြီဆိုလို့ တခြားလူတွေ အမြင်ကပ်လောက်တဲ့အထိကို ရိုမယ်လို့မထင်ကြပါနဲ့၊ အိမ်ကလူတွေအကုန်လုံး နားပူလွန်းလို့နှင်ထုတ်ရတဲ့အထိအောင် စကားနိုင်လုကြသော အကျင့်လေးတွေသည် သူငယ်ချင်းအဆင့်ကနေ ချစ်သူအဆင့်သို့တက်လှမ်းခဲ့သည်တိုင် မပျောက်သေး။

အမြဲတမ်းပူညံပူညံ ၊ဝုန်းဒိုင်းဒုန်းစိုင်း၊ စကားနိုင်လုကာ ရန်ဖြစ်ကြလွန်းလို့ မိဘတွေကပါ လက်မြှောက်ထားရသည်။

' မင်းနဲ့ငါပြတ်ပြီ ' လို့ အခေါက်ပေါင်းများစွာပြောသော Baekhyun နဲ့ ' ငါက ဆယ်ခါပြန်ပိုပြတ်တယ် ' လို့ မရေမတွက်နိုင်အောင်ပြောပါသော Chanyeol ၊

သို့သော် တစ်နာရီပင်မကြာလိုက်၊

' Chanyeollie ကအရမ်းချောတာပဲ ' လို့ပြောသော Baekhyun ရဲ့အသံတစာစာနဲ့ ' Baekhyunee ကိုအရမ်းချစ်တယ် ' လို့ ပြောတဲ့ Chanyeol ရဲ့အသံချိုချိုလေးကို ကြားရမည်ဖြစ်သည်။

ငယ်ငယ်က ဘယ်ပစ္စည်းမဆို ဆင်တူသာဝယ်ကြသော Chanyeol နဲ့ Baekhyun သည် လူစားလဲလိုက်လေသလားလို့ပင် မှတ်ရအောင် အကြိုက်ချင်းသည်လည်း ပြဒါးတစ်လမ်း သံတစ်လမ်းပင် ဖြစ်သွားကြသည်။

ဘယ်အသုံးအဆောင်ပဲဝယ်ဝယ် Baekhyun ကအဖြူရောင်ကိုနှစ်သက်တာကြောင့် အဖြူရောင်ကိုဝယ်ပြီး Chanyeol ကတော့ အနက်ရောင် crazy ဖြစ်တာကြောင့် ဘာပဲဝယ်ဝယ် အနက်ရောင်ကာလာလေး ပါမှဝယ်သည်။

Chanyeol က လုံးဝအစပ်မစားနိုင်ပေမယ့် Baekhyun က ချဉ်ချဉ်စပ်စပ်အစားအသောက်တွေ စားရတာကိုနှစ်သက်သည်။

Chanyeol က ပူတဲ့ရာသီဥတုကို မကြိုက်သလို Baekhyun ကလည်း အေးတဲ့ဒဏ်ကိုမခံနိုင်ပေ။

Baekhyun က Chanyeol နှင့်အတူ အပြင်ထွက်လည်ရတာကို သဘောကျပေမယ့် Chanyeol ကတော့ Baekhyun နှင့်အတူ အိမ်ထဲမှာဂိမ်းဆော့နေရတာကို ပိုပြီးနှစ်ခြိုက်သည်။

သို့သော် ဒီလိုအကြိုက်မတူတာကြီးကို သူတို့နှစ်ယောက်လုံးက တရေးတယူညှိမနေကြ၊ သူကြိုက်တာ သူဝယ်မည်၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်မည်၊ ပြီးရင် စကားနိုင်လုမည်၊ ရန်ဖြစ်မည်၊ ပြန်ချစ်မည်၊ ထိုမျှသာ..

Childhood Crush [COMPLETED] Where stories live. Discover now