4. crush on someone else

1.7K 351 27
                                    

(U)

အထက်တန်းနောက်ဆုံးနှစ်ကိုရောက်တဲ့အခါမှာ ပြောင်းလဲသွားတဲ့အကြီးမားဆုံးအချက်ကိုပြောပါဆိုရင် သူတို့နှစ်ယောက်ရဲ့အရပ်အမောင်းပင်ဖြစ်သည်။

စင်တီမီတာ အနည်းငယ် ကွာတဲ့ သူတို့နှစ်ယောက်ရဲ့ height difference က နှစ်ယောက်အတူတွဲလျှောက်သွားတဲ့ အခါမျိုးမှာတောင် ကြည့်ကောင်းနေတတ်သည်။

အရပ်ပိုရှည်တဲ့ Chanyeol က အသက် ၁၁ နှစ်ကပေးခဲ့တဲ့ကတိအတိုင်း Baekhyun ကိုအခုချိန်ထိ စက်ဘီးတင်နင်းနေသလို မိုးရွာလျှင်လည်း Baekhyun ကိုထီးလိုက်မိုးပေးသည့်သူက Chanyeol ပင်။

ငယ်ငယ်က ဖတ်စာအုပ်တွေကိုအိမ်မှာထားခဲ့တဲ့ Chanyeol ကို ပြန်ပညာပေးသည်ဟုပင်ပြောရမည်။ Baekhyun သည်ကျောင်းကို ဘယ်တော့မှထီးမယူလာ။

Chanyeol နဲ့သာအမြဲတမ်းကပ်ဆောင်းသည်။

'' Baekhyun မင်းဘာလို့အမြဲတမ်းထီးမယူလာတာလဲ ''

'' ဝန်ထုပ်ဝန်ပိုးဖြစ်လို့
ပြီးတော့ ငါကအရမ်းမေ့တတ်တယ်လေ၊ ထီးကိုဟိုထားဒီထားနဲ့ ပြီးရင်ပျောက်သွားရော၊ ''

'' အဲ့ဒါတော့ အဲ့ဒါပေါ့..ငါကျောင်းမလာတဲ့နေ့တွေဆို မင်းဘယ်လိုလုပ်မလဲ ဒုက္ခရောက်မှာပေါ့ ''

'' မင်းကျောင်းမလာရင် Taeyong နဲ့ Taemin တို့ဆီမှာ ကပ်ဆောင်းမှာပေါ့ ''

Chanyeol ရဲ့မျက်နှာ မည်းခနဲဖြစ်သွားပြီး Baekhyun ကိုမကျေမနပ် ကြည့်လိုက်သည်။

'' ငါနဲ့ပဲ ထီးအတူတူဆောင်းစမ်းပါ Baekhyun ya ''

'' အင်းလေ မင်းနဲ့ပဲထီးအတူတူဆောင်းတာပဲလေ ၊မင်းမရှိရင်တော့ တခြားသူငယ်ချင်းတွေနဲ့ကပ်ဆောင်းမှာပေါ့ ''

ဆင်ခြေဆင်လက်၊ အကြောင်းပြချက်ပေးတော်သော Baekhyun ကို Chanyeol ထီးအကြောင်း ဆက်မပြောတော့။

'' Baekhyun ငါတို့ ငယ်ငယ်ကမိုးရွာတဲ့နေ့တွေဆို မိုးရေချိုးပြီးတော့မှပြန်ကြတာ မှတ်မိသေးလား ''

'' အင်း အိမ်ရောက်တော့ကြွက်စုတ်တွေဖြစ်နေလို့ အဆူခံရသေးတယ်လေ၊ ''

'' မိုးရေချိုးပြီး ခေါက်ဆွဲပြုတ်လေးစားလိုက်ရရင်တော့ ဇိမ်ပဲ၊ ရှလွတ် "

Childhood Crush [COMPLETED] Where stories live. Discover now