7. put your head on my shoulder

1.8K 316 26
                                    

(U)

5 နှစ်တိတိရပ်ဝေးမှာ ပညာသင်ရတာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရသည်။ ဘာသာစကားအခက်အခဲ၊ နေထိုင်မှုပုံစံမတူညီတာကို ညှိကာနေထိုင်ရသေးသည်။ အိမ်မှာနေတုန်းကတော့ မသိပေမဲ့ ရပ်ဝေးရောက်မှ Chanyeol သိတာတစ်ခုက ကိုယ့်အိမ်ထက်ကောင်းတာ၊ သက်တောင့်သက်သာရှိတာ ဘယ်နေရာမှမရှိ။

အင်း..သူ့ဘေးနားမှာ ငယ်သူငယ်ချင်းလေး Baekhyun ရှိရင်တော့ တစ်မျိုးပေါ့၊

Baekhyun ရဲ့ပခုံးကတော့ Chanyeol အတွက်သက်တောင့်သက်သာအရှိဆုံး နေရာရပ်ဝန်းသေးသေးလေးပင်။

Baekhyun ရဲ့ပခုံးပေါ်ကို Chanyeol ခေါင်းလေးတင်ကာမှီလိုက်တိုင်း ပခုံးလေးတယ်ဆိုပြီးမရမက ရိုက်ပုတ်တတ်ပေမဲ့ သူအိပ်ပျော်သွားတဲ့အခါ သူ့ခေါင်းပေါ်တန်ပြန်မှီလာတဲ့ Baekhyun ရဲ့ ခေါင်းလုံးလုံးလေးကိုလည်း လွမ်းမိသည်။

Baekhyun နဲ့သူ အကျယ်ကြီးအော်ပြောကာ စကားနိုင်လုတိုင်း ပြုံးပြုံးလေးသာကြည့်နေတတ်သော အမေဖြစ်သူနဲ့ Baekhyun ကိုလည်းသားအရင်းသဖွယ်ချစ်ပေးသော အဖေဖြစ်သူကိုလည်း Chanyeol သိပ်လွမ်းသည်။

အိမ်ကိုလွမ်းတဲ့အလွမ်းသည် Baekhyun ကိုလွမ်းတဲ့အလွမ်းနှင့် ထပ်တူထပ်မျှပင်။

...

'' ဘာပွဲရှိလို့လဲ မေမေ ''

အသီးအရွက်တွေ၊ အသားငါးတွေ၊ သစ်သီးတွေအစုံ အထုပ်လိုက်အထုပ်လိုက် ရေခဲသေတ္တာထဲတောင်မထည့်ရသေးဘဲ ဧည့်ခန်းကစားပွဲပေါ်မှာသာ ရှိသေးသည်။

Baekhyun အမေကလည်း အခုမှဈေးကပြန်ရောက်ဟန် အပေါ်ဝတ်လက်ရှည်အကျႌကိုတောင် မချွတ်ရသေး။ ဆိုဖာပေါ်မှာထိုင်ကာ ဝယ်လာတဲ့အထုပ်တွေကို ဖြည်နေသည်။

'' အင်း မနက်ဖြန်နေ့လည်ကျရင် Chanyeol လေးအိမ်ပြန်လာမှာလေ..အဲ့ဒါ ညစာဖိတ်ကျွေးမလို့ ''

'' Chanyeol ကမနက်ဖြန်ရောက်မှာလား? ''

'' အင်း..မသိသေးဘူးလား ''

'' မပြောပြဘူး သားကို ''

စူပုပ်သွားတဲ့ Baekhyun ရဲ့မျက်နှာလေးကိုကြည့်ကာ ပန်းနုရောင် ပါးပြင်လေးကို Baekhyun အမေက ဖွဖွလေးဆွဲလိမ်လိုက်သည်။

Childhood Crush [COMPLETED] Where stories live. Discover now