6. friendship goal

1.5K 331 24
                                    

(U)

အင်ချွန်းလေဆိပ်ကိုလိုက်ပို့သည့် မိဘတွေကို Chanyeol ခေါင်းငုံ့ပြီး နောက်ဆုံးအကြိမ်နှုတ်ဆက်လိုက်သည်။

Baekhyun ကတော့ သင်တန်းသွားရမည်ဆိုပြီး လိုက်မလာပေမဲ့ Baekhyun ရဲ့မိဘနှစ်ပါးလုံးကတော့ လေဆိပ်ကို လိုက်လာကြသည်။

'' သွားတော့မယ်၊ လေယာဉ်ချိန်နောက်ကျတော့မယ်၊ ''

Chanyeol ကလက်ပတ်နာရီကိုငုံ့ကြည့်ပြီး နောက်တစ်ကြိမ်ထပ်နှုတ်ဆက်လိုက်သည်။ နောက်ဆုံးအနေနဲ့ Baekhyun ရောက်လာမလားဟု လေယာဉ်ကွင်းထဲကို ဝေ့ကြည့်မိပေမဲ့ Baekhyun နဲ့တူတဲ့သူ တစ်ယောက်ကိုမှ မတွေ့၊၊

'' တော်တော်အသည်းမာတဲ့ကောင်လေး၊ ကိုယ့်သူငယ်ချင်းကို လေဆိပ်လိုက်ပို့ဖော်တောင် မရဘူး ''

Chanyeol ရဲ့မျက်ဝန်းတွေကို အဓိပ္ပါယ်ချက်ချင်းဖော်နိုင်သည့် Baekhyun အမေက အပြစ်တင်သလိုပြောတော့လေသည်။

'' Baekhyun လေးက တကယ်မအားလို့နေမှာပေါ့၊ လေဆိပ်လိုက်မပို့ရလို့လည်း သူတို့နှစ်ယောက်က လုံးလုံးအဆက်အသွယ်ပြတ်သွားတာမှ မဟုတ်ဘဲ၊ online ကနေပြောကြမှာပေါ့ ပူမနေပါနဲ့ ''

'' ဒါပေမဲ့ 5 နှစ်တောင်ခွဲရမှာလေ၊ ဒီကောင်လေးတကယ် အသည်းမာချက်..Chanyeol လေးကို လိုက်ပို့ဖို့အချိန်လေးတောင် ဖဲ့မပေးနိုင်ဘူး ''

'' ကျွန်တော် တကယ်သွားပြီ ''

လာမလာ မသေချာတဲ့သူကို Chanyeol မျှော်မနေတော့၊

Baekhyun လေဆိပ်ကိုလိုက်မလာတာလည်း တစ်မျိုးကောင်းပါရဲ့၊ မဟုတ်ရင် သူ့မျက်နှာလေးကိုမြင်ပြီး ဒီလူဟာဘယ်လိုစိတ်နှင့်မှ ကျောခိုင်းနိုင်မည်မဟုတ်။

5 နှစ်ခွဲခွာရမည့်အချိန်အတောအတွင်းမှာ Baekhyun ချစ်သူရည်းစားရသွားမည်ကို Chanyeol ကြောက်မိသည်။ သို့သော် ထိုအကြောင်းအရာတွေကို ဘယ်တုန်းကမှ Baekhyun ကိုထုတ်မပြောခဲ့။

နိုင်ငံခြားကိုကျောင်းသွားမတက်ခင် Baekhyun ပေါ်မှာထားတဲ့စိတ်က သူငယ်ချင်းတစ်ယောက်ထက်ကို သိသိသာသာကျော်လွန်နေပြီဟု ဖွင့်ပြောလို့ရနိုင်သော်လည်း Chanyeol သည်လုံးဝ ဖွင့်မပြောခဲ့ပေ။

Childhood Crush [COMPLETED] Where stories live. Discover now