Pt 12 (​ကျန်းယူမြို့ ပျက်စီးခြင်း) 🔞 Unicode

11.9K 618 20
                                    

Warning Alert ⚠️
.
.
...AHHHHHHHHHH!!!!!!!....

​NeZha ရဲ့ ​အော်သံမှာ ​ကောင်းကင်ယံထက်ထိတိုင် ပဲ့တင်ဟိန်းထွက်​နေ​လေ၏။

မိုးသားတို့ ညိုမှိုင်းလာတဲ့ ​ကောင်းကင်ယံနဲ့အတူ ပျံဝဲ​နေကြ​သော မီးခိုးလုံးများက ဝဲပျံဖုံးလွှမ်း​နေတာ​ကြောင့် ​နေမင်းကြီးမှာ ​​ရောင်ခြည်မတိုးနိုင်​တော့ပဲ ပတ်ဝန်းကျင်မှာ ပိုလို့​တောင် ​မှောင်မိုက်ကျသွား​လေ၏။

NeZha ရဲ့ သံရှည်ဆွဲ​နေ​သော ​အော်သံအဆုံးသတ်သွားတဲ့အခါ.. ​ရူးရူးသွပ်သွပ် ရယ်သံ တခုကိုကြားရ၏။

လက်၂ဖက်ကို ဖြန့်ထားကာ လက်ဖဝါးတွင်ပင် မီးစွမ်းအင်တို့ ​တောက်​လောင်​နေပီး ကြက်သီးထဖွယ် ရယ်သံကို ဖန်တီး​နေ​​​လေသည်။

"Hahahahahha!!!!!.."

လည်​ချောင်းပင် အက်ကွဲမတက် ခြစ်ကုတ်​အော်ရယ်ပီး​သောအခါ နှုတ်ခမ်းဖြားကပင် ​​ကြောက်မက်ဖွယ်အရာတခုကို ​အေးစက်စက်​ပြောလိုက်​လေသည်။

"အကုန်..​သေကြစမ်း!!!"

"အကုန်"ဆိုတဲ့ ​နေရာမှာ အသံကို နှိမ့်ထား​သော်လည်း
"​သေကြစမ်း" ဆို​သော​နေရာတွင် အာ​​ခေါင်ကွဲထွက်​လေ​အောင် ​အော်​လေကာ..လက်ထဲမှာ ​တောက်​လောင်​နေ​သော မီးလုံးကြီးများကိုပင် ​နေရာအနှံ့လျှောက်ပစ်​​လေသည်။

​အ​ဆောက်အုံ​ခေါင်မိုးများပင် မီးစွဲ​လောင်ပီး ပြိုကျကုန်ကာ..လူအများလည်း ထိုအကျိုးပဲ့အပိုင်းစများ​ကြောင့် ပိ ညပ် ကာ ​သေတဲ့သူက​သေ.. ဒဏ်ရာပလပွ ​သွေးသံသရဲရဲ တို့ဖြစ်ကြကုန်၏။

​​ကောင်းကင်၌ပျံဝဲ​နေ​သော အနက်​ရောင်မီးခိုးလုံးများလည်း NeZha ရဲ့ မီးစွမ်းအင်များကြား ​ပျောက်ခြင်းမလှ ​ပျောက်ကုန်၏။

​သေသူတို့၏ ဝိဥာည်များမှ ဖြစ်တည်လာ​သော ထိုအရာများမှာ NeZha ရဲ့ မီး​တောက်များဖြင့် ထိလျင်.. စူးရှ​သော ​အော်သံများဖြင့် ငို​ကြွေးလာပီး..​ပျောက်ကွယ်သွားကြ​လေသည်။

ဆက်တိုက် မီးလုံးများကို ဟိုပစ်ဒီပစ် လုပ်​နေတဲ့ NeZha သည် စိတ်ရူး​ပေါက်ကာ အသိစိတ်မရှိ​သော အရူးပမာ တဟားဟား ​အော်ရယ်လျက် ​ကောင်းကင်ယံ၌ ရှိ​နေ၏။

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now