Pt 13 🔞 (​​​လောကသိ နိမိတ်တစ်ခွန်း ​​ကောင်းကင်ဘုံမှ ရွတ်ဆိုခြင်း) Unicode

17.5K 700 74
                                    

🚨🚨🚨🚨🚨
⚠️Sexual Violence Alert⚠️
(ဒီအပိုင်းမှာ နည်းနည်းကြမ်းတဲ့ Sexual content ​တွေပါမယ်​နော်🔞🔞🔞)

.
"NeZha" လို့ တိုးရှ​စွာ ​ခေါ်လိုက်တဲ့ Ao Bing ရဲ့ အသံ​လေး​ကြောင့် ထို ဖဲကြိုးအနီ ရစ်ပတ်လွင့်ပျံ​နေတဲ့ အနီ​ရောင် ပုံရိပ်က​​လေးသည် ချက်ချင်းဆိုသလို Ao Bing အ​​ပေါ်မှာအုပ်မိုးလျက်ရှိ​သော Hong Lang အား မီးစွမ်းအင်တို့ဖြင့် လွှတ်ပစ်တိုက်ခိုက်ပါ၏။

သို့​သော် ​Hong Lang သည် ​သေ​သေသပ်သပ် ​ခန္ဓါကိုယ်ကို ချက်ချင်း​ရှောင်လိုက်နိုင်တာ​ကြောင့်ပင် တစ်ဖက်ရှိနံရံအား ထိုမီးစွမ်းအင်တို့က ဝင်တိုးကာ ပြာကျ​စေ​တော့သည်။

NeZha သည် ​စောနက Ao Bing ​လေး ကိုယ်ထိ​စော်ကား လုပ်ခံ​နေရတဲ့ အိပ်ခန်း​ဆောင်​လေးထဲကို ​​​ရောက်လာပီဖြစ်ပီး အိပ်ယာ​ပေါ်တွင် ခွန်အားမဲ့​ကာ မျက်ဝန်းအိမ်တွင် မျက်ရည်တို့ရွှန်းလဲ့​နေသည့် ထို​ကောင်​လေးအား တချက်ငဲ့ကြည်​လေ၏။

ထို့​နောက် တဖက်က Hong Lang သည် မိမိ၏ နားထင်နားက ဦး​ရေပြားတို့ တင်းသွားသည်အထိ ဆံပင်ကြားထဲလက်ကိုထည့်ကာ စုပ်ကိုင်လိုက်ရင်း စကားတခွန်း ​​ရေရွတ်​လေ​တော့သည်..

"လခွမ်းထဲမှ..ဒီ​ကောင်က ဘယ်လိုလုပ်​ရောက်လာရတာလဲ"

NeZha သည် မျက်ဝန်း တစ်စုံက အသက်မဲ့ကာ အကြင်နာတရား ကင်းမဲ့​နေ​သေး၏။

သို့​သော် သူ့မှတ်ဥာဏ်ထဲက မြူမှုန်​လောက်​လေးမျှ မှုန်ဝါး​နေ​သော ထိုအဖြူ​ရောင် ဝိုးတိုးဝါးပုံရိပ်​လေးက သူ့အား တစုံတခုကို အသိ​ပေး​နေသည်နှယ်, မိမိ အလွန် နှစ်သက် မြတ်နိုးရပါ​သော အဖိုးတန်ရတနာ​လေး တခု ​​ပျောက်သွားသည့်အလား..NeZha သည် လမ်း​တောက်​လျှောက် ဝုန်းဒိုင်းကြဲလျက် မိုး​မြေလှန်ကာ လိုက်လို့ရှာခဲ့၏။

ထိုစဥ် Ao Bing ရဲ့ အတွင်းစိတ်က ​"NeZha ကယ်ပါ" ဟု အော်​ခေါ်လိုက်​သော အသံသည် ဦး​​နှောက်ထဲ ပဲ့တင်သံထပ်လာကာ နှလုံး​အ​သွေးသားတို့ကိုပင် ဆွဲစုတ်လိုက်​လေသလား.. ချက်ချင်းကို ထို အသံ​နောက်သို့ အာရုံခံကာ ဒုန်းဆိုင်း လိုက်​ခဲ့​လေသည်။

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now