Part 2 (မ​ပြောပြနိုင်တဲ့ အမှန်တရား) Unicode

37.3K 1.8K 26
                                    

.
.
မ​နေ့ညက NeZha အ​တွေးလွန်ပီး ​ကောင်း​ကောင်း
မအိပ်ရ​သေးတာ​ကြောင့် တစ်မနက်လုံး ပင်ပန်းနွမ်းနယ်ကာ ​စိတ်အာရုံလည်း မစုစည်းနိုင်ဖြစ်​​နေသည်

NeZha ဟာသူရဲ့ Sexual Desire ​တွေကို အလွန်အကျွန် ထိန်းချုပ်ထားတဲ့ ဒဏ်​တွေ​ကြောင့်...သာမာန် ပင်ပန်းတာမျိုးထက် ပိုပင်ပန်းကာ..တစ်ခါတရံ စိတ်ထဲထင်​ယောင်ထင်မှား မြင်​ယောင်မြင်မှား​တွေဖြစ်​လေ့ရှိ
ကာ..ဘယ်ဟာ အစစ်မှန် ဘယ်ဟာ ပုံရိပ်​ယောင် လဲ
​ဝေခွဲရ ခက်တာမျိုး​တွေပါရှိလာသည်...

Ao Bing နဲ့လည်း ရက်ပိုင်း​လောက် မ​တွေ့ ဖြစ်..
မြင်​နေရရင် ပိုထိန်းချုပ်ဖို့ ခက်တာ​ကြောင့် Ao Bing
ကို ​​မ​တွေ့မိ​အောင် ရှောင်​နေသည်...

အဲ့လိုနဲ့ပဲ NeZha တစ်​နေ့တစ်​နေ့ အပြင်လည်း
မထွက်...အိမ်ထဲက ပန်းဥယျာဥ်​​တော်ထဲမှာပဲ စိတ်ငြိမ်
​အောင်​နေဖို့ကြိုးစား​နေကာ...ဒီ​နေ့​တော့ NeZha
အရင်ရက် ​တွေထက် ပိုပင်ပန်းတာ​ကြောင့်..ကြာကန်
နားက သစ်ပင်ကြီး​ကို မှီလျက် မျက်လုံး​လေး ​မှေးကာ
အနားယူ​နေသည်...

​​NeZha သည် သစ်ပင်ကြီးကို အားပါးတရ
သက်​သောက်သက်သာ မှီထားပီး...ဘယ်ဘက်​ခြေ​ထောက်ကို ဆန့်​ထား​သော်လည်း ညာဘက်ကို​တော့
ဒူး​ထောင်ထားကာ...​ခေါင်းစ​​ခြေဆုံး NeZha ပုံစံမှာ
အလွန် ခန့်ညား လှသည်...

​လေညင်း​​လေးက ညှင်ညှင်သာသာလေး တိုက်ခတ်​နေ
ပီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်​နေတာ​ကြောင့်
သစ်ရွက်​လေး​တွေအချင်းချင်း ရိုက်ခတ်​​နေတဲ့ အသံ
​​လေး​တွေလည်း ကြား​နေရသည်...

အပင်ရဲ့ အရိပ်​အောက်မှာ ဆို​ပေမယ့်...
တစ်ချက်တစ်ချက် ​​နေ​ပြောက်က​လေး​တွေက NeZha ရဲ့ မှိတ်ထားတဲ့ မျက်လုံး​ပေါ် ကျ​ရောက်​​​​
​နေတာ​ကြောင့် NeZha ​သေချာ​တော့ အိပ်လို့မရ...
ဒါ​ပေမယ့် သဘာဝတရားကို​တော့ ခံစား​နေသည်...
.
.
.
ထိုစဥ် ​ရုတ်တရက် NeZha မျက်နှာ​ပေါ်သို့ အရိပ်တစ်ခု ဖုံးအုပ်သွားသည်ကို NeZha သတိထားမိသွားသည်...​​ဘေးပတ်ပတ်လည်မှာ သစ်ရွက်​ခြောက်​တွေ ပြန်ကြဲ​ကြွေကျ​နေတာ​ကြောင့်...​NeZha မျက်လုံး
မဖွင့်​သေးဘဲ အသံကိုစူးစိုက် နား​ထောင်လိုက်​တော့..
လူတစ်​ယောက်​​ခြေသံနဲ့တူသည်...

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now