Part 7 (🔞ညစာ🔞) Zawgyi

13.6K 393 10
                                    

(Waring Alert 🚨🚨🚨🚨🚨🚨🚨🚨🚨🚨)
လက်ရှိအချိန်*

NeZha သည် Ao Bing ရဲ့ ကိုယ်လုံး​သေး​သေး​လေးကို ​​ပွေ့ချီလိုက်ပီး... ရေချိုးကန်ဘက်သို့ဦးတည်လိုက်သည်...

တစ်ကိုယ်လုံးနာကျင်ကာ ​​ခေါင်း​ထောင်ဖို့ပင် အားမရှိ​သော Ao Bing သည်.. NeZha ​ပွေ့ချီထားလျက် ​ခွေ​ခွေ​လေး..NeZha ရင်ခွင်ထဲ၌ အိပ်လျက်ပါသွား​လေသည်...

NeZha သည် မိမိရင်ခွင်ထဲ၌ က​လေးငယ်တစ်​ယောက်လို အိပ်စက်​ ​မေ့​မျော​နေတဲ့ Ao Bing အား စိုက်ကြည့်ရင်း "မင်း​လေးဟာ ငါ့အတွက်" ဆိုတဲ့စိတ်​တွေနဲ့ အသည်းယားပီး ချစ်လွန်းလို့..Ao Bing နှဖူး​လေးအား တစ်ဖန် အနမ်း​ချွေလိုက်ပြန်သည်...

သူအနမ်း​ချွေလိုက်လို့ ရင်ခွင်ထဲ၌ လှုပ်စိလှူပ်စိနဲ့ ​ဖြေး​ဖြေးချင်း ရုန်းကန်လာ​သော Ao Bing သည် မျက်လုံး​လေး​ဖြေးညှင်းစွာပွင့်လာသည်...

ရုန်းကန်နိုင်စွမ်းလည်းမရှိ​...မိမိစိတ်ညွှန်ရာ မ​ဆောင်နိုင်​တော့တဲ့ ခန္ဓါကိုယ်​ကြောင့်..Ao Bingသည် NeZhaရင်ခွင်ထဲသာ အမှီပြုရင်း ​ခေါ်​ဆောင်ရာပါသွားသည်...

ရေပူစမ်းကန်ဖြစ်တာ​ကြောင့်..Ao Bingသည် ​ရေထဲစိမ်လိုက်သည်နှင့် နာကျင်မှု​တွေကို အကုန်စုပ်ယူသွားသလို..ခန္ဓါကိုယ်လည်း ​ပေါ့ပါးသွားသည်..

သို့​သော်ငှား..NeZha အ​နောက်က​နေ သိုင်းဖက်ထားခြင်းခံလျက်သာ ​ရေစိမ်​နေခြင်းဖြစ်သည်..Ao Bingလည်း တခနတာ အသက်သာခိုရင်း NeZhaရင်ခွင်ထဲတွင်သာ အမှီပြု​နေ​တော့သည်..

NeZha သည် မိမိရင်ခွင်ထဲ၌​ထွေး​​ပွေ့ထားတဲ့ Ao Bingကိုကြည့်ရင်း.."ဒီလို​လေး ထာဝရ ပိုင်ဆိုင်ထားချင်တယ်" ဟု စိတ်ထဲ​ရေရွတ်​နေရင်း..လက်ခုပ်ထဲသို့ ​ရေခပ်ကာ..Ao Bingရဲ့ ပုခုံးသား​လေး​တွေကို ပွတ်သပ်သန့်စင်​ပေးသည်..

Ao Bingရဲ့ ဆံနွယ်​လေး​တွေက လည်တိုင်​လေးမှာ ​ရေစိုကာ ကပ်ညိ​နေတာ​ကြောင့်..NeZhaသည် ​ဖြေးညင်းစွာသပ်ဖယ်​ပေးရင်း..Ao Bingရဲ့ လည်တိုင် ဖြူဖြူ​လေးကိုလည်း ​ရေ​နွေး​လေးနဲ့ နူးနူးရွရွပွတ်သပ်သန့်စင်​ပေးပြန်သည်..

ခုနက ရထားတဲ့နာကျင်မှု​တွေ ​မေ့​ပျောက်သွားရ​လောက်တဲ့ထိ NeZhaရဲ့အထိ​တွေ့​လေး​တွေဟာနူးညံ့လွန်းတာ​ကြောင့်..Ao Bing မျက်လုံး​​​လေးစင်းကာ ငြိမ်သက် ခံစား​နေသည်..

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now